Homeပြည်တွင်းသတင်းအိန္ဒိယအနေနဲ့ မြန်မာစစ်အုပ်စုရဲ့နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံရာပါဖြစ်နေခြင်းကို ရပ်တန့်ဖို့ JFM တောင်းဆို

အိန္ဒိယအနေနဲ့ မြန်မာစစ်အုပ်စုရဲ့နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံရာပါဖြစ်နေခြင်းကို ရပ်တန့်ဖို့ JFM တောင်းဆို

၃၀ မေ ၂၀၂၆ | New Day Myanmar

မြန်မာစစ်တပ်က အရပ်သားပြည်သူတွေကို သတ်ဖြတ်ခြင်းနဲ့ လူအများအပြား နေရပ်စွန့်ခွာထွက်ပြေးရတဲ့ အခြေအနေတွေ ဆက်လက်ဖြစ်ပေါ်နေချိန်မှာ အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာစစ်တပ်အတွက် စစ်လက်နက်၊ စစ်သုံးပစ္စည်းကိရိယာတွေနဲ့ လေ့ကျင့်သင်ကြားမှုတွေ ပံ့ပိုးပေးနေတာကို ရပ်တန့်ဖို့ Justice For Myanmar (JFM) က မေ ၃၀ ရက်နေ့မှာ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

JFM ရဲ့ ထုတ်ပြန်ချက်အရ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ နယူးဒေလီခရီးစဉ်ဟာ အိန္ဒိယနိုင်ငံရဲ့ မြန်မာစစ်အုပ်စုအပေါ် ပိုမိုနက်ရှိုင်းလာတဲ့ ပတ်သက်ဆက်နွယ်မှုကို ဖော်ပြနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အိန္ဒိယနိုင်ငံဟာ ရွှေတူးဖော်ရေး၊ သဘာဝဓာတ်ငွေ့စီမံကိန်းတွေနဲ့ မြန်မာ-တရုတ် ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွေမှာ နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ထားပြီး အဲဒီကနေတစ်ဆင့် စစ်အုပ်စုအတွက် နိုင်ငံခြားဝင်ငွေရင်းမြစ်တွေ ဆက်လက်ရရှိစေတယ်လို့ ဖော်ပြထားပါတယ်။

JFM က အိန္ဒိယရဲ့ အဆင့်မြင့်ခရီးစဉ်တွေနဲ့ ထိတွေ့ဆက်ဆံမှုတွေဟာ မြန်မာပြည်သူတွေက ငြင်းပယ်ထားပြီးဖြစ်တဲ့ စစ်အုပ်စုကို မမှန်ကန်တဲ့ တရားဝင်မှုတစ်ရပ် ပေးအပ်နေသလို ဖြစ်စေတယ်လို့ ဝေဖန်ထားပါတယ်။

ဒါကြောင့် အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်အုပ်စုနဲ့ ပတ်သက်ဆက်နွယ်မှုတွေကို အမြန်ဆုံး ရပ်တန့်ဖို့၊ စစ်အုပ်စုကို နိုင်ငံတကာတရားဝင်မှု ပေးနေတဲ့ လုပ်ရပ်တွေကို အဆုံးသတ်ဖို့နဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပေးဖို့ တောင်းဆိုထားပါတယ်။

ထုတ်ပြန်ချက်မှာ အိန္ဒိယလေတပ်နဲ့ အစိုးရပိုင်လုပ်ငန်းအချို့ဟာ မြန်မာစစ်အုပ်စုကို စစ်ဘက်သုံးပစ္စည်းကိရိယာတွေ၊ အခြေခံအဆောက်အအုံဆိုင်ရာ ပံ့ပိုးမှုတွေနဲ့ လေ့ကျင့်သင်ကြားမှုတွေ ပေးအပ်နေပြီး အဲဒီလုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အားပေးကူညီရာ ရောက်နေတယ်လို့လည်း ဖော်ပြထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး