Homeပြည်တွင်းသတင်းရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ် ၁၀ ခုမှာ မိုးကြီးနိုင်ပြီး ရုတ်တရက်ရေကြီး၊ မြေပြိုမှု သတိပြုရန်လို

ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ် ၁၀ ခုမှာ မိုးကြီးနိုင်ပြီး ရုတ်တရက်ရေကြီး၊ မြေပြိုမှု သတိပြုရန်လို

စက်တင်ဘာ ၁၀၊ ၂၀၂၆ | New Day Myanmar

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ မုတ်သုံလေအားကောင်းနေပြီး ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ လေထုမငြိမ်မသက်ဖြစ်နေတာကြောင့် စက်တင်ဘာ ၁၄ ရက်အထိ မြန်မာနိုင်ငံဒေသအများစုမှာ မိုးထစ်ချုန်းရွာကာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးချက်ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁၀ ရက် မနက် ၆ နာရီခွဲ တိုင်းထွာချက်တွေအရ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်းတို့အပြင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တို့မှာ မိုးရွာသွန်းမှု ကျယ်ကျယ်ပြန့်ပြန့်ရှိနိုင်တယ်လို့ ဆိုပါတယ်။

အဲဒီဒေသတွေထဲက ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ စစ်ကိုင်းနဲ့ တနင်္သာရီတိုင်း၊ ကချင်၊ ကရင်၊ ချင်း၊ မွန်နဲ့ ရခိုင်ပြည်နယ်တို့မှာ စက်တင်ဘာ ၁၀ ရက် မနက်ပိုင်းကနေ စက်တင်ဘာ ၁၄ ရက်အတွင်း နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။

မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ မကြာခဏ မိုးသက်လေပြင်းကျပြီး လှိုင်းအသင့်အတင့်ကနေ လှိုင်းကြီးနိုင်ပါတယ်။ မိုးသက်လေပြင်းကျချိန်မှာ မြေပြင်လေတိုက်နှုန်း တစ်နာရီ ၂၅ မိုင်ကနေ ၃၀ မိုင်အထိ ရှိနိုင်ပြီး လှိုင်းအမြင့် ၇ ပေကနေ ၉ ပေခန့်အထိ မြင့်တက်နိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုနဲ့ လေပြင်းတိုက်ခတ်မှုတွေကြောင့် တောင်ကုန်းတောင်တန်းဒေသတွေနဲ့ ချောင်းငယ်၊ မြစ်ငယ်တွေအနီးမှာ ရုတ်တရက်ရေကြီးတာနဲ့ မြေပြိုတာတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် ဒေသခံတွေ သတိထားဖို့ လိုပါတယ်။

ပြည်တွင်းရေကြောင်းသွားလာရေးနဲ့ ပြည်တွင်းလေကြောင်းခရီးစဉ်တွေလည်း ရာသီဥတုအခြေအနေကို သတိထားပြီး သွားလာကြဖို့ မိုးဇလရဲ့ စက်တင်ဘာ ၁၀ ရက် မနက် ၈ နာရီ ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။

Related News

Most Read