Homeဗွီဒီယို၂၀၂၃ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ် နှစ်ဝက် လူ့အခွင့်အရေးချိုးဖောက်မှုအချက်အလက်များနှိုင်းယှဉ်ချက်

၂၀၂၃ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ် နှစ်ဝက် လူ့အခွင့်အရေးချိုးဖောက်မှုအချက်အလက်များနှိုင်းယှဉ်ချက်

၁၈ ဇူလိုင်၊၂၀၂၄

အမျိုးသားညီညွတ်ရေး အစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ၂၀၂၃ ခုနှစ်အတွင်းမှာ လူ့အခွင့် အရေးချိုးဖောက်မှုဖြစ်စဉ်ပေါင်း ၄၆၅၆ ခုကို မှတ်တမ်းတင်နိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်ရဲ့ ပထမ(၆)လ အတွင်းမှာ ဖြစ်စဉ်ပေါင်း ၃၁၂၁ ခုကို မှတ်တမ်းတင်ထားနိုင်ပြီး ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

ဒီနှိုင်းယှဉ်ချက်အရ တရားလက်လွတ်သတ်ဖြတ်ခြင်း (Extrajudicial Killing) ကကျုးလွန်မှု အရေအတွက် အနေနဲ့ အများဆုံးဖြစ်ပွားပြီး ပစ္စည်းဥစ္စာတွေ ဖျက်စီးခြင်းနဲ့ မတရားဖမ်းဆီးခြင်းတွေလည်း ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ၂၀၂၄ ခုနှစ်မှာ လူ့အခွင့်အရေးချိုးဖောက်မှု၊လေကြောင်း၊လက်နက်ကြီးတို့ နဲ့ တိုက်ခိုက်ခံရမှု သိသိ သာသာ မြင့်တက်လာတဲ့ ဒေသတွေဖြစ်တဲ့ ရခိုင် နဲ့ တအောင်း ဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်အရေ အတွက်တွေကိုလည်း မှတ်တမ်းကောက်ယူဖော်ပြထားပါတယ်။

Related News

Most Read