Homeပြည်တွင်းသတင်းစုံ/မရက် မှားထွက်တဲ့ ယာဉ်တွေကို ဒဏ်ငွေ ၂ သောင်းနဲ့ ထောင် ၁ လ ချမယ်ဆိုတဲ့ သတင်း ထွက်ပေါ်

စုံ/မရက် မှားထွက်တဲ့ ယာဉ်တွေကို ဒဏ်ငွေ ၂ သောင်းနဲ့ ထောင် ၁ လ ချမယ်ဆိုတဲ့ သတင်း ထွက်ပေါ်

၇ မတ်လ ၂၀၂၆ | New Day Myanmar

စုံ/မရက် သတ်မှတ်ချက်ကို ဖောက်ဖျက်ပြီး မှားထွက်လာတဲ့ ယာဉ်တွေကို ဒဏ်ငွေ ကျပ် ၂၀,၀၀၀ နဲ့ ထောင်ဒဏ် ၁ လ ချမှတ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတယ်လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

အဆိုပါ အချက်အလက်တွေဟာ လျှို့ဝှက်ညွှန်ကြားစာတစ်စောင်အနေနဲ့ ထွက်လာတာဖြစ်တယ်လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံကနေ New Day Myanmar က စုံစမ်းသိရှိရပါတယ်။

စုံ/မရက် သတ်မှတ်ပြီးနောက် လမ်းပေါ်မှာ မှားထွက်လာတဲ့ ယာဉ်တွေကို အဖွဲ့စုံနဲ့ စစ်ဆေးပြီး ဒဏ်ကြေးနဲ့ ထောင်ဒဏ်ကို တစ်ခါတည်း ချမှတ်သွားမယ်လို့လည်း သိရပါတယ်။

ဒါပေမယ့် မတ်လ ၇ ရက် ဒီနေ့မှာတော့ အကြောင်းအမျိုးမျိုးကြောင့် မှားရက်မှာ ထွက်လာတဲ့ ယာဉ်တွေကို ပညာပေးအနေနဲ့သာ ပြောဆိုကာ မှတ်ချက်ယူပြီး ပြန်လွှတ်နေတယ်လို့ ရန်ကုန်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

ဒီနေ့ ရန်ကုန်မြို့အတွင်း လမ်းပေါ်မှာ ကားအသွားအလာ ပုံမှန်ထက် လျော့နည်းနေပြီး အပြင်ထွက်လည်ပတ်သူတွေလည်း နည်းပါးနေတာကို တွေ့ရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး