Homeပြည်တွင်းသတင်းရန်ကုန် ကမ်းနားလမ်းအနီး ဆိုက်ကားနင်းနေတဲ့ အမျိုးသားတဦး ရုတ်တရက်သေဆုံး

ရန်ကုန် ကမ်းနားလမ်းအနီး ဆိုက်ကားနင်းနေတဲ့ အမျိုးသားတဦး ရုတ်တရက်သေဆုံး

၁၂ ဇူလိုင် ၂၀၂၆ | New Day Myanmar

ရန်ကုန်မြို့ ကမ်းနားလမ်းအနီးမှာ ဆိုက်ကားနင်းနေတဲ့ အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသားတဦး ဒီနေ့ မနက်အစောပိုင်းက ရုတ်တရက် လဲကျသေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဖြစ်စဉ်ဟာ မနက် ၇ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူဟာ ခရီးသည်မပါဘဲ ဆိုက်ကားနင်းနေချိန် ဆိုက်ကားလက်ကိုင်ဘက်ကို ခေါင်းငိုက်စိုက်ကျသွားခဲ့တာလို့ မျက်မြင်တွေ့ရှိသူတဦးက ပြောပါတယ်။

သေဆုံးသူဟာ ကမ်းနားလမ်းတဝိုက်မှာ ပုံမှန်ဆိုက်ကားနင်းနေသူဖြစ်ပြီး အသက် ၅၀ ဝန်းကျင်ရှိတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူတဦးက ဆိုပါတယ်။

ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တဦးကတော့ ကနဦးအခြေအနေအရ ဦးနှောက်သွေးကြောပြတ်တာကြောင့် သေဆုံးတာဖြစ်နိုင်တယ်လို့ ယူဆထားပေမယ့် သေဆုံးရတဲ့အကြောင်းရင်းကို ဆေးရုံနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ တရားဝင်စစ်ဆေးချက် မထွက်သေးပါဘူး။

လက်ရှိမှာ ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

Related News

Most Read