Homeပြည်တွင်းသတင်းအာဆီယံဝန်ကြီးတွေကို ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းတယ်လို့ စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီး ပြော

အာဆီယံဝန်ကြီးတွေကို ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းတယ်လို့ စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီး ပြော

၁၂ ဇူလိုင် ၂၀၂၆ | New Day Myanmar

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အလွတ်သဘော အစည်းအဝေးအတွင်း စစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေက နိုင်ငံတော်အတိုင်ပင်ခံဟောင်း ဒေါ်အောင်ဆန်းစုကြည်ဟာ “ကျန်းမာရေးကောင်းမွန်ပြီး ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်” လို့ ပြောကြားခဲ့ကြောင်း အာဆီယံရဲ့ မြန်မာ့အရေးအထူးကိုယ်စားလှယ်လည်းဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ လာဇာရိုက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

လာဇာရိုရဲ့ ပြောကြားချက်အရ ဦးတင်မောင်ဆွေက ဒေါ်အောင်ဆန်းစုကြည်ကို “အစ်မတယောက်လို ဖြစ်တာကြောင့် ကျွန်တော်တို့ စောင့်ရှောက်သွားမှာပါ” လို့ အစည်းအဝေးအတွင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒီတွေ့ဆုံပွဲဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ နေပြည်တော်ဘက်က နိုင်ငံခြားရေးဝန်ကြီးတို့ ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံတဲ့ အလွတ်သဘော အစည်းအဝေးလည်း ဖြစ်ပါတယ်။ အစည်းအဝေးမှာ မြန်မာနိုင်ငံအခြေအနေ၊ အာဆီယံရဲ့ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရေးနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရရေးကို ယခင်ကတည်းက တောင်းဆိုထားပေမယ့် နေပြည်တော်ဘက်က ခွင့်မပြုခဲ့ဘဲ ယခုအစည်းအဝေးမှာလည်း တွေ့ဆုံခွင့်ရရှိခဲ့ခြင်း မရှိသေးပါဘူး။

Related News

Most Read