၁၀ မေ ၂၀၂၆ | New Day Myanmar
မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ဟာ အာဆီယံရဲ့ အဓိကရပ်တည်ချက်အဖြစ် ဆက်လက်ရှိနေဆဲဖြစ်တယ်လို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ဒီကနေ့ မေ ၁၀ ရက်မှာ ပြောကြားလိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန်၊ ၎င်းရဲ့ နိုင်ငံရေးအခွင့်အရေးများ ပြန်လည်ကျင့်သုံးခွင့်ပေးရန်နဲ့ နိုင်ငံရေးခေါင်းဆောင်တစ်ဦးအဖြစ် ဆောင်ရွက်ခွင့်ပြန်ပေးရန်ဆိုတဲ့ တောင်းဆိုချက်ဟာ အာဆီယံအတွင်းမှာ အနည်းငယ်မျှ ပြောင်းလဲမှုမရှိဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် အာဆီယံအထူးသံတမန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခွင့်ရရေးကိစ္စမှာ မြန်မာဘက်က တိုးတက်တဲ့ တုံ့ပြန်မှုတစ်စုံတစ်ရာ မရှိသေးကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
မြန်မာ့အရေးဟာ နှစ်ပေါင်းများစွာ တိုးတက်မှုအကန့်အသတ်သာ ရှိနေတဲ့အတွက် ရှေ့ဆက်နိုင်ဖို့ နည်းလမ်းသစ်တွေ ရှာဖွေဖို့ လိုအပ်နေပြီဖြစ်တယ်လို့လည်း ဖိလစ်ပိုင်သမ္မတက ပြောဆိုခဲ့ပါတယ်။
လက်ရှိ ၂၀၂၆ ခုနှစ် မေလအထိ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်အခြေအနေမှာသာ ထားရှိပြီး အပြည့်အဝ လွတ်လပ်ခွင့် မပေးသေးတဲ့အပေါ် ဒေသတွင်းခေါင်းဆောင်တွေကြား စိတ်ပျက်မှုတွေ မြင့်တက်လာနေတယ်လို့ သိရပါတယ်။
Source – Manila Bulletin


