Homeပြည်တွင်းသတင်းအာဆီယံအတွင်းရေးမှူးချုပ်နဲ့ စစ်အုပ်စု ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ တွေ့ဆုံ

အာဆီယံအတွင်းရေးမှူးချုပ်နဲ့ စစ်အုပ်စု ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ တွေ့ဆုံ

ဩဂုတ် ၅၊ ၂၀၂၆ | New Day Myanmar

အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ကာအို ကင်ဟွန်းနဲ့ စစ်အုပ်စုလက်အောက်ခံ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ တင်မောင်ဝင်းတို့ ကမ္ဘောဒီးယားနိုင်ငံ၊ ဆီယမ်ရိပ်မြို့မှာ ဒီနေ့ ဩဂုတ် ၅ ရက်က တွေ့ဆုံခဲ့တယ်လို့ အာဆီယံက ထုတ်ပြန်ပါတယ်။

တွေ့ဆုံမှုကို ၂၃ ကြိမ်မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်းရေးရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (ACCSM) အဆင့်မြင့်အရာရှိများအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေ ကျင်းပနေချိန် သီးခြားတွေ့ဆုံခဲ့တာဖြစ်ပါတယ်။

အာဆီယံအတွင်းရေးမှူးချုပ်က ၂၀၂၆ ခုနှစ်ကနေ ၂၀၃၀ ပြည့်နှစ်အထိ ACCSM နဲ့ ACCSM+3 လုပ်ငန်းစီမံချက်တွေ အကောင်အထည်ဖော်ရာမှာ မြန်မာအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးကို ဆက်လက်ပံ့ပိုးဖို့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးက အသင့်ရှိတယ်လို့ ပြောပါတယ်။

တွေ့ဆုံမှုအတွင်း မြန်မာ့နိုင်ငံရေးအကျပ်အတည်း၊ အာဆီယံဘုံသဘောတူညီချက် ၅ ရပ် ဒါမှမဟုတ် စစ်အုပ်စုရဲ့ နိုင်ငံရေးကိုယ်စားလှယ်တွေကို အဆင့်မြင့်အစည်းအဝေးတွေ တက်ရောက်ခွင့်ကန့်သတ်ထားမှုနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ခြင်း ရှိ၊ မရှိကို အာဆီယံထုတ်ပြန်ချက်မှာ ဖော်ပြထားခြင်း မရှိပါဘူး။

Related News

Most Read