Homeပြည်တွင်းသတင်းမော်ဒယ် ပက်ထရစ်ရှာ ဗီဒီယိုဖိုင်နဲ့ လူကိုယ်တိုင် ထွက်ရှင်း

မော်ဒယ် ပက်ထရစ်ရှာ ဗီဒီယိုဖိုင်နဲ့ လူကိုယ်တိုင် ထွက်ရှင်း

၉ မေ ၂၀၂၆ | New Day Myanmar

လူမှုကွန်ရက်စာမျက်နှာတွေမှာ ရက်ပိုင်းအတွင်း ရေပန်းစားနေခဲ့တဲ့ မော်ဒယ် ပက်ထရစ်ရှာ (စူးရှနိုင်) နဲ့ ပတ်သက်တဲ့ သတင်းတွေကို ကာယကံရှင်ကိုယ်တိုင် ဒီကနေ့ မေ ၉ ရက်မှာ ဗီဒီယိုဖိုင်တစ်ခုနဲ့ ပထမဆုံးအကြိမ် တုံ့ပြန်ရှင်းလင်းလိုက်ပါတယ်။

မလေးရှားနိုင်ငံကို ရောက်ရှိနေစဉ်အတွင်း သူမအပေါ် အဓမ္မပြုကျင့်ခံရတယ်ဆိုတဲ့ ကောလဟာလတွေ ပျံ့နှံ့နေမှုအပေါ် ပက်ထရစ်ရှာက အခုလို ငြင်းဆိုလိုက်တာ ဖြစ်ပါတယ်။

ပျံ့နှံ့နေတဲ့ အသံဖိုင်နဲ့ ပတ်သက်ပြီး ပက်ထရစ်ရှာက အဆိုပါအသံဟာ သူမရဲ့ အသံအစစ်ဖြစ်ကြောင်း သွယ်ဝိုက်ဝန်ခံခဲ့ပေမယ့် အမှန်တကယ်ဖြစ်စဉ်က လူတွေ ထင်မြင်နေသလို မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။

“အဲဒီဗီဒီယိုထဲမှာ ဖြစ်တဲ့အရာတွေက လူတွေထင်နေသလိုလည်း မဟုတ်သလို၊ အဓမ္မဖြစ်စဉ်လည်း မဟုတ်ဘူး” လို့ သူမက ရှင်းပြထားပါတယ်။

သတင်းတွေထဲမှာ ဖော်ပြနေသလို ထိခိုက်စော်ကားခံရတာမျိုး မရှိခဲ့ဘဲ သူမတို့နှစ်ဦးအကြားမှာ ကောင်းမွန်တဲ့ လုပ်ငန်းခွင်ဆက်ဆံရေးသာ ရှိကြောင်းနဲ့ ရှေ့ဆက်ပြီး အတူလုပ်ဆောင်မယ့် Project ကြီးတွေလည်း ရှိနေသေးတယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ဒီကိစ္စနဲ့ ပတ်သက်ပြီး အခြေအမြစ်မရှိတဲ့ သတင်းအမှားတွေ ဖြန့်ဝေနေတဲ့ မီဒီယာတွေနဲ့ လူပုဂ္ဂိုလ်တချို့ကို ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့လည်း သတိပေးထားပါတယ်။

“ဒီဖြစ်စဉ်ကို ကြည့်ရတာ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် နားလည်မှုယူပြီး Damage Control လုပ်လိုက်တဲ့သဘောလို့ မြင်မိတယ်။ အသံဖိုင်က အစစ်ဖြစ်တယ်လို့ ဝန်ခံထားပေမယ့် အဲဒီအသံဖိုင်ထဲမှာ ကြားရတဲ့ အခြေအနေနဲ့ အခု ပြန်ရှင်းပြတဲ့ ‘အလွန်ကောင်းမွန်တဲ့ လုပ်ငန်းခွင်ဆက်ဆံရေး’ ဆိုတာက တော်တော်လေး ကွာခြားနေတယ်။ ဒါကြောင့် လူမှုကွန်ရက်သုံးစွဲသူတွေကြားမှာ ဖိအားပေးခံရလို့ ရှင်းရတာလားဆိုတဲ့ သံသယတွေကတော့ ဆက်ရှိနေဦးမယ်လို့ မြင်တယ်” လို့ အမည်မဖော်လိုသူတစ်ဦးက သုံးသပ်ပြောဆိုထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး