Homeပြည်တွင်းသတင်းသီလရှင်ဝတ်စုံဖြင့် ယှဉ်ပြိုင်ခဲ့သည့် တာချီလိတ်အလှမယ်နှင့် ပွဲစီစဉ်သူများ ထောင်ဒဏ် ၄ နှစ်စီ ချမှတ်ခံရ

သီလရှင်ဝတ်စုံဖြင့် ယှဉ်ပြိုင်ခဲ့သည့် တာချီလိတ်အလှမယ်နှင့် ပွဲစီစဉ်သူများ ထောင်ဒဏ် ၄ နှစ်စီ ချမှတ်ခံရ

၁၀ မေ ၂၀၂၆ | New Day Myanmar

Miss Grand Myanmar ပြိုင်ပွဲမှာ သီလရှင်ဝတ်စုံနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ တာချီလိတ်ကိုယ်စားပြု အလှမယ် အိမွန်လွင်နဲ့ ပွဲစီစဉ်သူ မရမ်ဆိုင်းနော်တို့ကို စစ်ကော်မရှင်တရားရုံးက သာသနာညိုးနွမ်းစေမှုအပါအဝင် စွဲချက်တွေနဲ့ ဒီကနေ့ မေ ၁၀ ရက်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၄ နှစ်စီ အသီးသီး ချမှတ်လိုက်တယ်လို့ ရှေ့နေအသိုင်းအဝိုင်းဆီက သိရပါတယ်။

ဒါ့အပြင် ပြိုင်ပွဲကျင်းပခဲ့တဲ့ Eravati Sule Grand Yangon ဟိုတယ်ရဲ့ မန်နေဂျာကိုလည်း ထောင်ဒဏ် ၆ လ ချမှတ်ခဲ့ပြီး ဟိုတယ်ကိုပါ ၆ လကြာ ယာယီပိတ်သိမ်းဖို့ အမိန့်ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်ဟာ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ သီလရှင်ဝတ်စုံနဲ့ ယှဉ်ပြိုင်မှုဗီဒီယိုဖိုင်တွေကြောင့် ပြင်းထန်တဲ့ ဝေဖန်မှုတွေ ထွက်ပေါ်လာပြီးနောက် အရေးယူမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ Miss Grand Myanmar အဖွဲ့အစည်းက အလှမယ် အိမွန်လွင်ကို ပြိုင်ပွဲဝင်အဖြစ်ကနေ ထုတ်ပယ်ထားပြီး ကျန်ရှိတဲ့ ပြိုင်ပွဲအစီအစဉ်တွေကိုလည်း ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး