၁၁ မေ ၂၀၂၆ | New Day Myanmar
တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ အမေရိကန်သမ္မတ ဒေါ်နယ်လ် ဂျေ ထရမ့်ဟာ မေလ ၁၃ ရက်မှ ၁၅ ရက်အထိ တရုတ်နိုင်ငံကို နိုင်ငံတော်အဆင့် ခရီးစဉ်အဖြစ် သွားရောက်မယ်လို့ ကြေညာလိုက်ပါတယ်။
အဲဒီခရီးစဉ်အတွင်း အမေရိကန်နဲ့ တရုတ်ခေါင်းဆောင်တွေဟာ နှစ်နိုင်ငံဆက်ဆံရေး၊ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု၊ ဒေသတွင်းနဲ့ နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးဖွယ်ရှိတယ်လို့ သိရပါတယ်။
အထူးသဖြင့် အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေးတင်းမာမှုတွေ၊ တောင်တရုတ်ပင်လယ်အရေးနဲ့ နည်းပညာဆိုင်ရာ ပြိုင်ဆိုင်မှုတွေ မြင့်တက်နေချိန်မှာ အခုလို ထိပ်သီးတွေ့ဆုံမှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
လေ့လာသူတွေကတော့ ထရမ့်ရဲ့ အခုခရီးစဉ်ဟာ နှစ်နိုင်ငံကြား တင်းမာနေတဲ့ ဆက်ဆံရေးကို လျော့ကျစေဖို့ ကြိုးပမ်းမှုတစ်ရပ်အဖြစ် စောင့်ကြည့်နေကြပြီး ဒေသတွင်း နိုင်ငံရေးနဲ့ စီးပွားရေးအပေါ်လည်း သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။


