Homeပြည်တွင်းသတင်းမြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် အဖြစ်တာဝန်ယူမယ့် Ms. Ma Jia မြန်မာနိုင်ငံကိုရောက်ရှိလာ

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် အဖြစ်တာဝန်ယူမယ့် Ms. Ma Jia မြန်မာနိုင်ငံကိုရောက်ရှိလာ

၁၃ ဩဂုတ် ၂၀၂၄

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံက သံအမတ် Ms. Ma Jia ဟာ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့မှာ သံအမတ်တာဝန်ယူဖို့ ရောက်ရှိနေပြီးဖြစ်တယ်လို့ တရုတ်သံရုံးက ဒီနေ့ဩဂုတ်လ ၁၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Ms. Ma Jia သည် အရင်သံအမတ်မစ္စတာချန်းဟိုင် ပြီးနောက် တာဝန်ထမ်းဆောင်မယ့် အယောက်၂၀ မြောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ဖြစ်ပါတယ်။

မစ္စ မာကျားဟာ ၁၉၉၅ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်အထိ ရန်ကုန်မြို့အခြေစိုက် တရုတ် သံရုံးမှာတတိယအတွင်းဝန်အဖြစ်တာဝန်ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။

သူဟာ၂၀၁၉ ခုနှစ်ကနေ မြန်မာနိုင်ငံကို မပြောင်းရွေ့ခင်အထိ အိန္ဒိယနိုင်ငံအခြေစိုက် တရုတ်သံရုံးမှာ သံမှူးကြီးနဲ့ သံအမတ်အဖြစ် တာဝန်ထမ်းဆောင် နေသူဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံး မှာ ကောင်စစ်ဝန်ချုပ်အဖြစ် တာဝန်ယူဖို့ မစ္စ ကောင်းဖျင် (Ms. Gao Ping)ဆိုသူကို ခန့်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

Related News

Most Read