Homeပြည်တွင်းသတင်းတရုတ်သံအမတ်က သမ္မတမဖြစ်ခင် မင်းအောင်လှိုင်ကို ပထမဆုံး လာတွေ့

တရုတ်သံအမတ်က သမ္မတမဖြစ်ခင် မင်းအောင်လှိုင်ကို ပထမဆုံး လာတွေ့

၇ ဧပြီ ၂၀၂၆ | New Day Myanmar

စစ်တပ်လွှတ်တော်က သမ္မတအဖြစ် ရွေးချယ်ထားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သမ္မတတာဝန် မယူခင်နဲ့ အစိုးရမဖွဲ့ခင်မှာပဲ တရုတ်သံအမတ်က ပထမဆုံး လာရောက်တွေ့ဆုံခဲ့ပြီး တရုတ်-မြန်မာ နယ်စပ်နဲ့ ကုန်သွယ်ရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်ဘက်က နိုင်ငံပိုင်သတင်းစာတွေကနေ ထုတ်ပြန်ထားတဲ့အရ တရုတ်သံအမတ် မစ္စမာကျားက ဧပြီ ၆ ရက်နေ့မှာ နေပြည်တော်မှာ လာရောက်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ဒီတွေ့ဆုံမှုဟာ အစိုးရသစ် မဖွဲ့ခင် မင်းအောင်လှိုင်ကို နိုင်ငံတကာသံအမတ်တစ်ဦးအနေနဲ့ ပထမဆုံး လာတွေ့တဲ့ ဖြစ်ရပ်လည်း ဖြစ်ပါတယ်။

တွေ့ဆုံချိန်မှာ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်ရေး၊ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်ဖွင့်နိုင်ရေးတို့ကို အဓိက ဆွေးနွေးခဲ့တယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ သဝဏ်လွှာကိုလည်း တရုတ်သံအမတ်က မင်းအောင်လှိုင်ထံ လက်ရောက်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

မင်းအောင်လှိုင်ကလည်း သမ္မတအဖြစ် ရွေးချယ်ခံရပြီးနောက် ချက်ချင်း ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့တဲ့အတွက် တရုတ်ဘက်ကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။

အဲဒီတွေ့ဆုံမှုမှာ နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး တိုးမြှင့်ရေး၊ လုံခြုံရေးနဲ့ ကဏ္ဍအမျိုးမျိုးမှာ ပူးပေါင်းဆောင်ရွက်မှု တိုးတက်အောင် လုပ်ဆောင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

Related News

Most Read