Homeပြည်တွင်းသတင်းMiss Grand Myanmar 2026 ပြိုင်ပွဲ အကန့်အသတ်မရှိ ရွှေ့ဆိုင်း

Miss Grand Myanmar 2026 ပြိုင်ပွဲ အကန့်အသတ်မရှိ ရွှေ့ဆိုင်း

၆ မေ ၂၀၂၆ | New Day Myanmar

Miss Grand Myanmar Organization က ကျင်းပပြုလုပ်နေတဲ့ Miss Grand Myanmar 2026 ပြိုင်ပွဲရဲ့ ကျန်ရှိနေသေးတဲ့ Preliminary Competition နဲ့ Grand Final ပွဲစဉ်တွေကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်တယ်လို့ ဒီကနေ့ မေလ ၆ ရက်မှာ တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

လတ်တလော လူမှုကွန်ရက်ပေါ်မှာ ပြင်းထန်စွာ ဝေဖန်ခံနေရတဲ့ တာချီလိတ်ကိုယ်စားပြု အလှမယ် အိမွန်လွင် (MGM-05) ရဲ့ ဝတ်စုံကိစ္စနဲ့ ပတ်သက်ပြီး အခုလို အရေးယူဆောင်ရွက်မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

အဖွဲ့အစည်းဘက်က မေလ ၅ ရက်နေ့မှာ အိမွန်လွင်ကို ပြိုင်ပွဲဝင်အဖြစ်ကနေ ထုတ်ပယ်လိုက်ကြောင်း ကြေညာခဲ့ပြီးနောက် မေလ ၆ ရက်နေ့မှာတော့ ပြိုင်ပွဲတစ်ခုလုံးကို ရွှေ့ဆိုင်းလိုက်ကြောင်း ထပ်မံအသိပေးခဲ့တာလည်း ဖြစ်ပါတယ်။

အလှမယ် အိမွန်လွင်ဟာ သီလရှင်ဝတ်စုံနဲ့ ယှဉ်ပြိုင်ထားတဲ့ ဗီဒီယိုဖိုင်တွေ လူမှုကွန်ရက်မှာ ပျံ့နှံ့လာပြီးနောက် ဘာသာရေးအပေါ် မလျော်ကန်တဲ့ လုပ်ရပ်အဖြစ် ဝေဖန်မှုတွေ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်ရပ်နောက်ပိုင်း ပြိုင်ပွဲကို ဆက်လက်ကျင်းပခြင်းမပြုဘဲ အရေးပေါ်ရပ်ဆိုင်းလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး