Homeပြည်တွင်းသတင်းမန္တလေး-ရန်ကုန် DEMU ရထား ခဲနဲ့ပစ်ပေါက်ခံရမှု အသက်မပြည့်သေးသူနှစ်ဦးကို ဖမ်းဆီးခံရ

မန္တလေး-ရန်ကုန် DEMU ရထား ခဲနဲ့ပစ်ပေါက်ခံရမှု အသက်မပြည့်သေးသူနှစ်ဦးကို ဖမ်းဆီးခံရ

၁ ဩဂုတ် ၂၀၂၆ | New Day Myanmar

မန္တလေးကနေ ရန်ကုန်ကို မောင်းနှင်လာတဲ့ အမှတ် ၆ အစုန် DEMU ရထားဟာ ဇူလိုင် ၃၁ ရက် နေ့လယ်ပိုင်းက ဧလာနဲ့ သာဝတ္ထိဘူတာကြားမှာ ခဲနဲ့ပစ်ပေါက်ခံခဲ့ရပြီး ကျူးလွန်သူလို့ သံသယရှိတဲ့ အသက်မပြည့်သေးသူနှစ်ဦးကို နေ့တွင်းချင်း ဖမ်းဆီးခဲ့တယ်လို့ မြန်မာ့မီးရထားက ထုတ်ပြန်ပါတယ်။

ခဲနဲ့ပစ်ပေါက်မှုကြောင့် ရထားရဲ့ နောက်ဆုံးတွဲဖြစ်တဲ့ ပထမတန်းတွဲအမှတ် ၄ ရဲ့ ကိုယ်ထည် ထိခိုက်ပျက်စီးခဲ့ပေမယ့် ခရီးသည်တွေ ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ဆိုပါတယ်။

ဖြစ်စဉ်အပြီး ရထားပေါ်မှာ လိုက်ပါတာဝန်ထမ်းဆောင်နေတဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေနဲ့ တာဝန်ရှိသူတွေက လိုက်လံစုံစမ်းခဲ့ပြီး လယ်ဝေးမြို့နယ်က အသက် ၁၄ နှစ်နဲ့ ၁၅ နှစ်အရွယ် လူငယ်နှစ်ဦးကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးထားတဲ့ လူငယ်နှစ်ဦးကို ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေနဲ့ အရေးယူနိုင်ရေး ဧလာနယ်မြေရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ မြန်မာ့မီးရထားရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Related News

Most Read