Homeပြည်တွင်းသတင်းယနေ့မနက် မန္တလေးအနီး အင်အားအသင့်အတင့်ရှိ မြေငလျင် ၂ ကြိမ် ဆက်တိုက်လှုပ်ခတ်

ယနေ့မနက် မန္တလေးအနီး အင်အားအသင့်အတင့်ရှိ မြေငလျင် ၂ ကြိမ် ဆက်တိုက်လှုပ်ခတ်

၁၇ ဇူလိုင် ၂၀၂၆ | New Day Myanmar

ဒီကနေ့ ဇူလိုင် ၁၇ ရက် မနက်ပိုင်းမှာ မန္တလေးအနီးကို ဗဟိုပြုပြီး အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင် ၂ ကြိမ် ဆက်တိုက်လှုပ်ခတ်ခဲ့တယ်လို့ စစ်အုပ်စုရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ပထမအကြိမ် မြေငလျင်က မြန်မာစံတော်ချိန် မနက် ၇ နာရီ ၅၆ မိနစ် ၇ စက္ကန့်မှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး သပိတ်ကျင်းမြို့ရဲ့ တောင်-အရှေ့တောင်ဘက် ၄ မိုင်ခန့်အကွာကို ဗဟိုပြုခဲ့ပါတယ်။

အဲဒီမြေငလျင်ဟာ မြေအောက်အနက် ၆ ကီလိုမီတာမှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး ရစ်ချ်တာစကေး ၅.၃ အဆင့်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီနောက် မနက် ၈ နာရီ ၁၂ မိနစ် ၁၃ စက္ကန့်မှာ စဉ့်ကူးမြို့ရဲ့ အရှေ့ဘက် ၁၅ မိုင်ခန့်အကွာကို ဗဟိုပြုပြီး ဒုတိယအကြိမ် မြေငလျင် ထပ်မံလှုပ်ခတ်ခဲ့ပါတယ်။

ဒုတိယအကြိမ် မြေငလျင်ဟာ မြေအောက်အနက် ၁၄ ကီလိုမီတာမှာ လှုပ်ခတ်ခဲ့ပြီး ရစ်ချ်တာစကေး ၄.၀ အဆင့်ရှိတယ်လို့ သိရပါတယ်။

လက်ရှိအချိန်အထိ မြေငလျင်ကြောင့် လူထိခိုက်သေဆုံးတာ၊ အဆောက်အအုံပျက်စီးတာနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို သက်ဆိုင်ရာအဖွဲ့တွေက ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ပုံစာ – ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ ငလျင်ကြောင့် ပျက်စီးမှုများရှိခဲ့သော မန္တလေး။ (ပုံအဟောင်းကိုအသုံးပြုထားပါသည်။)

Related News

Most Read