Homeပြည်တွင်းသတင်းသာစည်မြို့အနီး ပြင်းအား ၄.၃ အဆင့်ရှိ ငလျင်လှုပ်ခတ်

သာစည်မြို့အနီး ပြင်းအား ၄.၃ အဆင့်ရှိ ငလျင်လှုပ်ခတ်

၂၆ မေ ၂၀၂၆ | New Day Myanmar

မန္တလေးတိုင်း၊ သာစည်မြို့အနီးမှာ ဒီကနေ့ မေလ ၂၅ ရက် ည ၁၁ နာရီ ၅၀ မိနစ် ၁၈ စက္ကန့်ခန့်က ပြင်းအား ၄.၃ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားတယ်လို့ သိရပါတယ်။

ငလျင်ဗဟိုချက်ဟာ သာစည်မြို့မှ ၃ မိုင်ခန့်အကွာမှာ တည်ရှိပြီး မြေအနက် ၄ ကီလိုမီတာခန့်မှာ လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ ငလျင်ဗဟိုမှတ်ဟာ Latitude 20.914 နဲ့ Longitude 96.076 မှာ တည်ရှိတယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိ လူထိခိုက်မှုနဲ့ အဆောက်အအုံပျက်စီးမှု သတင်းတွေ မကြားရသေးပေမယ့် ဒေသခံတွေအနေနဲ့ နောက်ဆက်တွဲ ငလျင်ငယ်တွေကို သတိထားကြဖို့ လိုအပ်တယ်လို့ သဘာဝဘေးအန္တရာယ် စောင့်ကြည့်သူတွေက သတိပေးထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး