Homeပြည်တွင်းသတင်းမန္တလေးမှာ လူငယ်တွေ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံနေရ

မန္တလေးမှာ လူငယ်တွေ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံနေရ

၂၅ မေ ၂၀၂၆ | New Day Myanmar

မန္တလေးမြို့အတွင်း လူငယ်လူရွယ်တွေကို လမ်းပေါ်မှာ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေနဲ့ Voice of Mandalay က သတိပေးထုတ်ပြန်ထားပါတယ်။

မေလ ၂၄ ရက်နေ့ ညနေ ၄ နာရီနောက်ပိုင်းခန့်မှာ မန္တလေးမြို့ ၂၂ လမ်းနဲ့ ၈၇ လမ်းထောင့် ခြင်္သေ့ကြီးအဆင်းအနီးမှာ စန်းရေမိုးပွဲကို သွားရောက်ကြည့်ရှုမယ့် လူငယ်အမျိုးသား ၂ ဦးကို အမည်မသိအဖွဲ့တစ်ဖွဲ့က ကားပေါ်သို့ အတင်းဆွဲတင်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မေလ ၂၃ ရက်နေ့ မနက် ၁၀ နာရီကျော်ခန့်ကလည်း ၂၇ လမ်း၊ ၈၇ လမ်းနဲ့ ၈၈ လမ်းကြားမှာ ကုန်တင်ကုန်ချကားတွေ ရှုပ်ထွေးနေတဲ့အချိန် လူငယ် ၂ ဦးကို Mark II အမျိုးအစားကားတစ်စီးပေါ်သို့ အတင်းအဓမ္မ ဆွဲတင်ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဖြစ်စဉ်တစ်ခု ထပ်မံဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံတွေကတော့ လက်ရှိ မန္တလေးမြို့အတွင်း စစ်ကော်မရှင်ရဲ့ “ရက် ၁၀၀ စီမံချက်” စတင်ချိန်နောက်ပိုင်းကစပြီး လမ်းသွားလမ်းလာ လူငယ်တွေကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်မှုတွေ ခပ်စိပ်စိပ် ဖြစ်ပေါ်လာနေတယ်လို့ ပြောပါတယ်။

ဒါ့ကြောင့် မိဘပြည်သူတွေနဲ့ လူငယ်တွေအနေနဲ့ ပြင်ပကို သွားလာရာမှာ အထူးသတိထားကြဖို့၊ လူစည်ကားရာနေရာတွေမှာ အဖော်နဲ့သွားလာဖို့နဲ့ သံသယဖြစ်ဖွယ် အခြေအနေတွေ ကြုံတွေ့ရပါက နီးစပ်ရာကို အမြန်အကူအညီတောင်းကြဖို့ ဒေသခံတွေက နှိုးဆော်ထားပါတယ်။

Related News

Most Read