Homeပြည်တွင်းသတင်းမန္တလေးတိုင်း ကျောက်ဆည်မြို့နယ်တွင် အင်အား ၄.၀ အဆင့်ရှိ ငလျင်လှုပ်ခတ်

မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်တွင် အင်အား ၄.၀ အဆင့်ရှိ ငလျင်လှုပ်ခတ်

၂၉ ဧပြီ ၂၀၂၆ | New Day Myanmar

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ထန်းလုံးတပ်ဒေသအနီးမှာ ဧပြီ ၂၉ ရက် ညနေ ၃ နာရီ ၂၀ မိနစ်ခန့်က အင်အား ၄.၀ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ငလျင်ဗဟိုချက်ဟာ မြေအောက်အနက် ၁၀ ကီလိုမီတာခန့်မှာ တည်ရှိခဲ့ပြီး ကိုဩဒိနိတ်အရ မြောက်လတ္တီတွဒ် ၂၁.၆၀၁၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၀၄၀၀ ဒီဂရီတွင် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အဆိုပါ ငလျင်လှုပ်ခတ်မှုကို ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်ငယ်နဲ့ မန္တလေးမြို့တွေမှာ ခံစားရနိုင်ပြီး ဗဟိုချက်မှ ကီလိုမီတာ ၄၀ ဝန်းကျင်အတွင်း ဒေသတွေမှာ သိသိသာသာ လှုပ်ခတ်မှု ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒီအဆင့်ရှိ ငလျင်ဟာ လူအများအပြား သိသိသာသာ ခံစားနိုင်တဲ့ အင်အားဖြစ်ပြီး အဆောက်အဦးအတွင်းရှိ ပစ္စည်းတွေ လှုပ်ခတ်ခြင်းနဲ့ အနည်းငယ် ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်အထိ လူထိခိုက်ဒဏ်ရာရရှိမှု သို့မဟုတ် ပျက်စီးဆုံးရှုံးမှုများနဲ့ပတ်သက်ပြီး တရားဝင် ထုတ်ပြန်ချက် မရှိသေးပါဘူး။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး