Homeနိုင်ငံတကာသတင်းအင်ဒိုနီးရှား မှာ အင်အား ၇.၄ အဆင့် ငလျင်လှုပ်

အင်ဒိုနီးရှား မှာ အင်အား ၇.၄ အဆင့် ငလျင်လှုပ်

၂ ဧပြီ ၂၀၂၆ | New Day Myanmar

ဧပြီ ၂ ရက် မနက်ပိုင်းမှာ အင်ဒိုနီးရှားနိုင်ငံ Ternate ကျွန်းအနီးရှိ Molucca ပင်လယ်မှာ ပြင်းအား ၇.၄ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ သတင်းများအရ သိရပါတယ်။

ငလျင်လှုပ်ခတ်မှုကြောင့် ဒေသအချို့မှာ အဆောက်အအုံတချို့ ပျက်စီးခဲ့ပြီး ဆူနာမီလှိုင်းတွေပါ ဖြစ်ပေါ်ခဲ့တယ်လို့ အာဏာပိုင်တွေနဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။

အင်ဒိုနီးရှား ရုပ်သံ Metro TV ရဲ့ ထုတ်ပြန်ချက်အရ Manado ဒေသမှာ အပျက်အစီးတွေကြောင့် လူတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အမေရိကန် ဘူမိဗေဒ စစ်တမ်းအဖွဲ့ရဲ့ အချက်အလက်အရ ပြင်းအား ၅ အထိရှိတဲ့ နောက်ဆက်တွဲ ငလျင်တွေ ထပ်မံလှုပ်ခတ်ခဲ့ပြီး အမြင့် ၀.၂ မီတာရှိ ဆူနာမီလှိုင်းတွေကိုလည်း မှတ်တမ်းတင်ထားပါတယ်။

ဒါ့အပြင် အမေရိကန် ဆူနာမီသတိပေးအာဏာပိုင်တွေက အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ မလေးရှားနိုင်ငံ ကမ်းရိုးတန်းတစ်လျှောက် ငလျင်ဗဟိုချက်မှ ၁၀၀၀ ကီလိုမီတာအတွင်း ဆူနာမီအန္တရာယ်ရှိနိုင်ကြောင်း သတိပေးထားပါတယ်။

#NewDayMyanmar#Indonesia#Earthquake#Tsunami#BreakingNews#အင်ဒိုနီးရှား#ငလျင်#ဆူနာမီ#သတင်း

Related News

Most Read