Homeအထူးသတင်းထရမ့်က အီရန်ကို အပြင်းအထန်တိုက်ခိုက်မယ်လို့ပြောအပြီး ကမ္ဘာ့ရေနံဈေး ခုန်တက်

ထရမ့်က အီရန်ကို အပြင်းအထန်တိုက်ခိုက်မယ်လို့ပြောအပြီး ကမ္ဘာ့ရေနံဈေး ခုန်တက်

၂ ဧပြီ ၂၀၂၆ | New Day Myanmar

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံအပေါ် လာမယ့် နှစ်ပတ်က သုံးပတ်အတွင်း အပြင်းအထန် တိုက်ခိုက်မယ်လို့ ပြောကြားလိုက်ပြီးနောက် ကမ္ဘာလုံးဆိုင်ရာ ရေနံဈေးနှုန်းတွေ သိသိသာသာ မြင့်တက်လာပါတယ်။

ဒီလို ပြောဆိုချက်ကြောင့် အရှေ့အလယ်ပိုင်းဒေသမှာ စစ်ရေးတင်းမာမှုတွေ လျော့နည်းလာမယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ပျက်ပြယ်သွားပြီး စွမ်းအင်ဈေးကွက်အတွင်း စိုးရိမ်မှုတွေ ပြန်လည် မြင့်တက်လာတာဖြစ်ပါတယ်။

ဈေးကွက်အချက်အလက်တွေအရ အပြည်ပြည်ဆိုင်ရာ စံနှုန်းဖြစ်တဲ့ Brent ရေနံ (ဇွန်လစာချုပ်) ဟာ ၅ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်စည်ကို ဒေါ်လာ ၁၀၆.၄၂ အထိ ရောက်ရှိလာပါတယ်။

တစ်ချိန်တည်းမှာပဲ အမေရိကန် ရေနံဖြစ်တဲ့ West Texas Intermediate (WTI) မေလစာချုပ်ဟာလည်း ၄.၁ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်စည်ကို ဒေါ်လာ ၁၀၄.၂၁ အထိ တက်လာခဲ့ပါတယ်။

ဒီအခြေအနေဟာ နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေက ကမ္ဘာ့စွမ်းအင်ဈေးကွက်အပေါ် တိုက်ရိုက်သက်ရောက်မှုရှိနိုင်ပြီး သီတင်းပတ်တွေမှာလည်း ရေနံဈေးနှုန်းတွေ ဆက်လက် မြင့်တက်နိုင်တဲ့ အလားအလာရှိနေပါတယ်။

ပုံစာ – အန္တရာယ် များသော ဟော်မုဇ် ရေလက်ကြားကို ဖြတ်ကျော်နိုင်ခဲ့ပြီးနောက် လိုက်ဘေးရီးယားနိုင်ငံ အလံတင် ရေနံစိမ်းတင်သင်္ဘော Shenlong Suezmax အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းတွင် ၂၀၂၆ ခုနှစ် မတ် ၁၁ ရက်က အောင်မြင်စွာ ဆိုက်ကပ်ခဲ့စဉ်

ဓါတ်ပုံ – Getty images

#NewDayMyanmar#OilPrices#BrentCrude#WTI#IranCrisis#GlobalEconomy#ရေနံဈေး#အီရန်#ကမ္ဘာ့စီးပွားရေး#စစ်ရေးတင်းမာမှု

Related News

Most Read