Homeပြည်တွင်းသတင်းဒုသမ္မတသုံးဦး အရည်အချင်းပြည့်မီကြောင်း စစ်တပ်လွှတ်တော် ကြေညာ၊ မနက်ဖြန် သမ္မတရွေးချယ်မည်

ဒုသမ္မတသုံးဦး အရည်အချင်းပြည့်မီကြောင်း စစ်တပ်လွှတ်တော် ကြေညာ၊ မနက်ဖြန် သမ္မတရွေးချယ်မည်

၂ ဧပြီ ၂၀၂၆ | New Day Myanmar

ဒီကနေ့ နေပြည်တော်မှာ စစ်တပ်က ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ သမ္မတအရည်အချင်း စိစစ်ရေးကော်မတီက ဒုသမ္မတလောင်းသုံးဦးဖြစ်တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ဦးညိုစော နဲ့ ဒေါ်နန်းနီနီအေး တို့ဟာ အရည်အချင်းကိုက်ညီမှုရှိတယ်လို့ ကြေညာလိုက်ပါတယ်။

အဆိုပါ ဒုသမ္မတသုံးဦးထဲက တစ်ဦးကို သမ္မတအဖြစ်ရွေးချယ်ပြီး ကျန်နှစ်ဦးကို ဒုသမ္မတ (၁) နဲ့ ဒုသမ္မတ (၂) အဖြစ် မနက်ဖြန် ဧပြီ ၃ ရက်မှာ စစ်တပ်က ပြုလုပ်မယ့် ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲရွေးချယ်သွားမှာ ဖြစ်ပါတယ်။

#NewDayMyanmar#MyanmarPolitics#MinAungHlaing#NyoSaw#NanNinNinAye#Parliament#PresidentElection#မြန်မာနိုင်ငံရေး#မင်းအောင်လှိုင်#ညိုစော#နန်းနီနီအေး#လွှတ်တော်#သမ္မတရွေးချယ်မှု

Related News

Most Read