Homeပြည်တွင်းသတင်းစစ်တပ်ဟာ ငလျင်ဘေးကို လက်နက်သဖွယ် အသုံးပြုခဲ့တယ်လို့ HRW ပြော

စစ်တပ်ဟာ ငလျင်ဘေးကို လက်နက်သဖွယ် အသုံးပြုခဲ့တယ်လို့ HRW ပြော

၂၈ မတ်လ ၂၀၂၆ | New Day Myanmar

မြန်မာနိုင်ငံအလယ်ပိုင်းမှာ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်အပြီး စစ်တပ်ဟာ ဘေးဒုက္ခကို စစ်ရေးအတွက် လက်နက်သဖွယ် အသုံးပြုခဲ့တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Human Rights Watch (HRW) က ပြောပါတယ်။

HRW ရဲ့ အစီရင်ခံစာအရ ငလျင်ကြောင့် ပြည်သူတွေ ဒုက္ခရောက်နေချိန်မှာ စစ်တပ်ဟာ လူသားချင်းစာနာမှု အကူအညီတွေကို ပိတ်ဆို့တာ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေကို နှောင့်ယှက်တာတွေ ပြုလုပ်ခဲ့တယ်လို့ စစ်ကိုင်းငလျင် ၁ နှစ်ပြည့်တဲ့နေ့မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေကို ပြည်ဝင်ခွင့်ကန့်သတ်တာ၊ ဆေးဝါးနဲ့ အရေးပေါ်ပစ္စည်းတွေ သိမ်းဆည်းတာ၊ အင်တာနက်ဆက်သွယ်ရေးတွေ ဖြတ်တောက်တာတွေကြောင့် ဘေးဒုက္ခခံစားနေရတဲ့ ဒေသတွေမှာ အကူအညီ မရောက်နိုင်တဲ့ အခြေအနေတွေ ဖြစ်ပေါ်ခဲ့တယ်လို့ HRW က ထောက်ပြထားပါတယ်။

ဒါ့အပြင် ငလျင်ပြီးနောက်ကာလအတွင်း စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်ခဲ့ပြီး ဘေးဒုက္ခခံစားနေရတဲ့ ဒေသတွေကိုပါ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီလို လုပ်ရပ်တွေဟာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်နိုင်တဲ့ လုပ်ရပ်တွေဖြစ်ပြီး ပြည်သူတွေရဲ့ အသက်အန္တရာယ်ကို ပိုမို မြင့်တက်စေခဲ့တယ်လို့ HRW က ပြောပါတယ်။

စစ်တပ်ဟာ သဘာဝဘေးဒုက္ခကို ကယ်ဆယ်ရေးမလုပ်ဆောင်ဘဲ စစ်ရေးအသာစီးရဖို့ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး