Homeပြည်တွင်းသတင်းနေပြည်တော်အနီး ပျဉ်းမနားဒေသတွင် အင်အား ၄.၄ ရှိ ငလျင်လှုပ်

နေပြည်တော်အနီး ပျဉ်းမနားဒေသတွင် အင်အား ၄.၄ ရှိ ငလျင်လှုပ်

၂၃ မတ်လ ၂၀၂၆ | New Day Myanmar

နေပြည်တော်ကောင်စီနယ်မြေအတွင်း ပျဉ်းမနားမြို့အနီးတွင် အင်အား ၄.၄ မဂ္ဂနီကျူ့ရှိ ငလျင်တစ်ခု မတ်လ ၂၃ ရက်နေ့ ညနေ ၆ နာရီ ၁၄ မိနစ်ခန့်တွင် လှုပ်ခတ်သွားကြောင်း သိရပါတယ်။

အဆိုပါ ငလျင်၏ဗဟိုချက်မှာ ပျဉ်းမနားမြို့၏ တောင်ဘက် ၄ မိုင်ခန့်၊ နေပြည်တော်လေဆိပ်၏ အရှေ့မြောက်ဘက် ၃ မိုင်ခန့်နှင့် နေပြည်တော်၏ အရှေ့တောင်ဘက် ၁၀ မိုင်ခန့်အကွာတွင် တည်ရှိပြီး မြေအောက်အနက် ၆.၂ မိုင်ခန့်တွင် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်အထိ ထိခိုက်ပျက်စီးမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများရှိမရှိကို တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး