ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်စပ်တိုက်ပွဲအတွင်းမှာ ထိခိုက်ဒဏ်ရာနဲ့ သေ ဆုံးတဲ့သူတွေကို ထောက်ပံ့သွားမယ်လို့ ထိုင်းအစိုးရက ဒီကနေ့ ဇူလိုင်၂၆ရက်မှာ အသိပေးထားပါတယ်။
စစ်ပွဲကြောင့် ထိုင်းနိုင်းက သေဆုံးသူတဉီးကိုဘတ် တစ်သန်း၊ ဒုက္ခိတဖြစ်ရသူ ကို ဘတ် ၇သိန်းနဲ့ ထိခိုက်ဒဏ်ရာရသူ ကိုဘတ် ၂ သိန်း ထောက်ပံ့ပေးအပ်မယ်လို့ ထိုင်း ဒုဝန်ကြီးချုပ် အသိပေးပြောကြားထားပါတယ်။
လက်ရှိမှာ ကမ္ဘောဒီးယားဘက်က ပစ် ခတ်တိုက်ခိုက်တာကြောင့် အမျိုးသား၊ အမျိုးသမီး၊ ကလေးနဲ့ သက်ကြီးရွယ်အို အပါအဝင် ပြည်သူ ၁၃ ဦး သေဆုံးတဲ့အတွက် စစ်ရာဇဝတ်မှု သတ်မှတ်နိုင်တယ်လို့လည်း ထိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။
ထိုင်းအစိုးရအနေနဲ့ ပြည်သူတွေ ထိခိုက်သေဆုံးတဲ့အပေါ် လေးလေးနက်နက် ဝမ်းနည်းရတယ်လို့လည်း အသိပေးထားပြီး၊ ဒီကနေ့ ဇူလိူင်၂၆ ရက်နေ့မှာ သုံးရက်မြောက်တိုက်ပွဲကို ဆင်နွဲပြီး ကမ္ဘော ဒီးယားစစ်စခန်တွေကို သိမ်းယူထားနိုင်ပြီလို့သိရပါတယ်။
ဒီကနေ့တိုက်ပွဲမှာ ကမ္ဘောဒီးယားက ထိုး စစ်တင်လာတဲ့ စစ်ကြောင်းသုံးကြောင်း ကို ထိုင်း ကြည်းတပ်ကသာမက ရေတပ်ကပါ ဝင်ရောက်တိုက်ခိုက်ခဲတယ်လို့ သိရပါတယ်။


