Homeပြည်တွင်းသတင်းဖူးခက်မှာ ထိုင်းမိန်းကလေးငယ်တစ်ဦးကို မြန်မာမိန်းကလေးငယ်တစ်ဦးနဲ့ အဖွဲ့က ရိုက်နှက်ခဲ့ဟုဆို

ဖူးခက်မှာ ထိုင်းမိန်းကလေးငယ်တစ်ဦးကို မြန်မာမိန်းကလေးငယ်တစ်ဦးနဲ့ အဖွဲ့က ရိုက်နှက်ခဲ့ဟုဆို

ဩဂုတ် ၉၊ ၂၀၂၆ | New Day Myanmar

ထိုင်းနိုင်ငံ၊ ဖူးခက်ပြည်နယ်၊ ထလန်ခရိုင်၊ ချာင်ထလေးဒေသရှိ စာသင်ကျောင်းတစ်ကျောင်းမှာ အသက် ၁၃ နှစ်အရွယ် မြန်မာမိန်းကလေးငယ်တစ်ဦးနဲ့ အဖွဲ့က အသက် ၁၄ နှစ်အရွယ် ထိုင်းမိန်းကလေးငယ်တစ်ဦးကို ကျောင်းအိမ်သာအတွင်း ဝင်ရောက်ရိုက်နှက်ပြီး ခြေထောက်ကို ကန်တော့ခိုင်းခဲ့တယ်လို့ စွပ်စွဲထားကြောင်း Amarin TV က ဖော်ပြပါတယ်။

ဖြစ်စဉ်ဟာ ဩဂုတ် ၆ ရက် နေ့လယ် ၂ နာရီခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး တခြားကျောင်းကလာတဲ့ မြန်မာမိန်းကလေးငယ်နဲ့ အဖွဲ့က ထိုင်းမိန်းကလေးကို အိမ်သာထဲ ခေါ်သွားပြီး ပါးရိုက်တာ၊ လက်သီးနဲ့ထိုးတာ၊ ဆံပင်ဆွဲတာ၊ ခေါင်းကို ရေကန်ထဲ ဖိချတာနဲ့ မျက်နှာကို ကန်တာတွေ ပြုလုပ်ခဲ့တယ်လို့ နစ်နာသူဘက်က ပြောထားပါတယ်။

နစ်နာသူမိန်းကလေးက ဖြစ်စဉ်အပြီး ခေါင်းမူးတာ၊ မျက်လုံးပတ်ဝန်းကျင် နာကျင်တာ၊ ကိုယ်ခန္ဓာအနှံ့ အညိုအမဲစွဲဒဏ်ရာတွေနဲ့ ခြေထောက်မှာ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အကြောင်းရင်းဟာ အချင်းချင်း အပြောအဆိုနဲ့ အနိုင်ကျင့်မှုဆိုင်ရာ အငြင်းပွားမှုကနေ စတင်ခဲ့နိုင်တယ်လို့ နစ်နာသူဘက်က ယူဆထားပါတယ်။ ဖြစ်စဉ်အပြီးမှာ နစ်နာသူဘက်က ရဲစခန်းမှာ တိုင်ကြားမှတ်တမ်းတင်ထားပြီး မိခင်ဖြစ်သူကလည်း ဗီဒီယိုမှတ်တမ်းကို မြင်ပြီးနောက် အမှုကို အဆုံးအထိ ဆက်လက်ဆောင်ရွက်လိုတယ်လို့ ပြောထားပါတယ်။

ဒါပေမယ့် အခုဖော်ပြထားတဲ့ ကျူးလွန်သူအကြောင်းနဲ့ ဖြစ်စဉ်အသေးစိတ်တွေဟာ နစ်နာသူဘက်က ပြောဆိုချက်နဲ့ လူမှုကွန်ရက်ပေါ် ထွက်ပေါ်လာတဲ့ အချက်အလက်တွေအပေါ် အခြေခံထားတာဖြစ်ပြီး ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေက အချက်အလက်အပြည့်အစုံကို စိစစ်နေဆဲဖြစ်တယ်လို့ Amarin TV က ဖော်ပြထားပါတယ်။

Related News

Most Read