Homeပြည်တွင်းသတင်းဖူးခက်မှာ ကြက်တိုက်လောင်းကစားလုပ်တဲ့ မြန်မာ ၉ ဦးအပါအဝင် ၁၁ ဦး ဖမ်းဆီးခံရ

ဖူးခက်မှာ ကြက်တိုက်လောင်းကစားလုပ်တဲ့ မြန်မာ ၉ ဦးအပါအဝင် ၁၁ ဦး ဖမ်းဆီးခံရ

ဩဂုတ် ၁၈၊ ၂၀၂၆ | New Day Myanmar

ထိုင်းနိုင်ငံ ဖူးခက်ခရိုင်မှာ တရားမဝင် ကြက်တိုက်လောင်းကစား ပြုလုပ်နေတယ်ဆိုပြီး မြန်မာနိုင်ငံသား ၉ ဦးနဲ့ ထိုင်းနိုင်ငံသား ၂ ဦး စုစုပေါင်း ၁၁ ဦး ကို ဖူးခက်မြို့ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဩဂုတ် ၁၆ ရက်မှာ ရဲတပ်ဖွဲ့က ဖူးခက်မြို့နယ်၊ ရတ်ဆဒါဒေသ၊ ကင်းကဲဝ် ၆ လမ်းကြား အတွင်း အမှတ်မရှိတဲ့ တဲတစ်လုံးမှာ ကြက်တိုက်လောင်းကစား ပုံမှန်လုပ်နေတယ်ဆိုတဲ့ သတင်းရပြီး ဝင်ရောက်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ရောက်ရှိချိန်မှာ လူ ၁၁ ဦးခန့်က ဝိုင်းဖွဲ့ပြီး ကြက်တိုက်နေကြတာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ ထိုင်းနိုင်ငံသား ၂ ဦးနဲ့ မြန်မာနိုင်ငံသား ၉ ဦး ပါဝင်ပြီး အသက် ၂၅ နှစ်ကနေ ၆၀ နှစ်အတွင်း ရှိကြပါတယ်။

ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာက တိုက်ကြက် ၂ ကောင်၊ ကြက်တိုက်ကွင်းတစ်ခုနဲ့ အချိန်တိုင်းနာရီတစ်လုံး ကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခဲ့ပါတယ်။

ရဲအဆိုအရ ဖမ်းဆီးခံရသူတွေက ခွင့်ပြုချက်မရှိဘဲ ကြက်တိုက်လောင်းကစား လုပ်ခဲ့တာကို ဝန်ခံခဲ့ပြီး အဲဒီနေ့မှာ ကြက်တိုက်ပွဲ အနည်းငယ်သာ စတင်ထားချိန် ရဲတပ်ဖွဲ့ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူ ၁၁ ဦးလုံးကို ခွင့်ပြုချက်မရှိဘဲ ကြက်တိုက်လောင်းကစား ပူးပေါင်းပြုလုပ်မှု နဲ့ အမှုဖွင့်ထားပြီး မြန်မာနိုင်ငံသားတစ်ဦးဖြစ်တဲ့ အသက် ၃၉ နှစ်အရွယ် အောင်ဇော်ထွန်း ကိုတော့ ကြက်တိုက်လောင်းကစားပွဲ စီစဉ်ပေးသူအဖြစ် ထပ်မံစွဲချက်တင်ထားတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

ဖမ်းဆီးခံရသူအားလုံးကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖူးခက်မြို့ရဲစခန်းကို လွှဲပြောင်းပြီး ဥပဒေအရ ဆက်လက်အရေးယူနေပါတယ်။

Related News

Most Read