Homeပြည်တွင်းသတင်းရန်ကုန်မှာ စက်သုံးဆီတန်းစီရင်း သေဆုံးသွားတဲ့ အမျိုးသားဟာ မြန်မာတေးသံရှင် ဦးပက်ထရစ်ဆိုသူ ဖြစ်နေ

ရန်ကုန်မှာ စက်သုံးဆီတန်းစီရင်း သေဆုံးသွားတဲ့ အမျိုးသားဟာ မြန်မာတေးသံရှင် ဦးပက်ထရစ်ဆိုသူ ဖြစ်နေ

၂၆ မတ် ၂၀၂၆၊ New Day Myanmar

ရန်ကုန်မှာ စက်သုံးဆီတန်းစီရင်း သေဆုံးသွားတဲ့ အမျိုးသားဟာ မြန်မာတေးသံရှင် ဦးပက်ထရစ်ဆိုသူ ဖြစ်တယ်လို့ သိရပါတယ်။

အသက် ၆၀ ကျော်အရွယ် အဆိုတော် ပက်ထရစ်တင်ထွန်း (ခ) ဦးတင်ထွန်းဟာ ဒီကနေ့ မတ်လ ၂၆ ရက် မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်း၊ ဟာမစ်တစ်အနီးက ဆီဆိုင်မှာ ဆီတန်းစီရင်း သတိလစ်သွားရာကနေ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ချိန်မှာပဲ သေဆုံးသွားခဲ့တာလို့ သိရပါတယ်။

ဦးပက်ထရစ်ဟာ မြန်မာနိုင်ငံ ဂီတအစည်းအရုံးရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး Fielder အမျိုးအစား အငှားယာဉ်အမှတ် FF/5184 ကို မောင်းနှင်နေသူလည်း ဖြစ်ပါတယ်။

မတ်လနဲ့ ဧပြီလအတွင်း နေ့အပူချိန်တွေ မြင့်တက်လာသလို အပူဒဏ် ပြင်းထန်လာတာကြောင့် သတိပြုနေထိုင်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။

Related News

Most Read