၂၆ မတ် ၂၀၂၆ ၊ New Day Myanmar
ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်း၊ ဟာမစ်တစ်အနီးက ဆီဆိုင်မှာ ဒီကနေ့ မတ်လ ၂၆ ရက် မွန်းလွဲပိုင်းက စက်သုံးဆီဝယ်ယူဖို့ တန်းစီစောင့်ဆိုင်းနေတဲ့ အငှားယာဉ်မောင်း အမျိုးသားတစ်ဦး သတိလစ်သေဆုံးသွားတယ်လို့ သိရပါတယ်။
အဲ့ဒီ အမျိုးသားဟာ ဆီတန်းစီရာကနေ သတိလစ်သွားတာကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်စဉ်မှာပဲ လမ်းမှာ သေဆုံးသွားတာဖြစ်တယ်လို့ ကနဦး သိရပါတယ်။
သေဆုံးသူ မောင်းနှင်တဲ့ အငှားယာဉ်ဟာ Fielder အမျိုးအစား ယာဉ် FF/5184 ဖြစ်တယ်လို့ တိုက်ရိုက်ကြေညာရေးပေ့ချ်က ချက်ချင်းမျှဝေထားပါတယ်။
မတ်လနှင့် ဧပြီလအတွင်း နေ့အပူချိန်တွေ မြင့်တက်လာသလို အပူဒဏ် ပြင်းထန်လာတာကြောင့် သတိပြုနေထိုင်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။


