ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ Chatuchak မြို့နယ်အတွင်းရှိ Or Tor Kor ဈေးအနီး တွင် အမည်မသိ သေနတ်သမားတစ်ဦး သေနတ်ဖြင့် လူ ၄ဦးကို ပစ်သတ်ခဲ့ပြီးနောက် မိမိကိုကိုယ်အဆုံးစီရင်သွားပြီလို့သိရပါတယ်။
အဲဒီသေနတ်သမားဟာ ထိုင်းနိုင်ငံ နခွန်ရာ့ခ်ျခရိုင်မှာနေထိုင်တဲ့ အသက် ၆၁ အရွယ်အမျိုးသားတဦးဖြစ်တယ်လို့ ကနဦး သိထားရပါတယ်။
သေနတ်သမားဟာ ဒီကနေ့ ဇူလိုင်၂၈ ရက် မွန်းလွဲ ၁ နာရီအချိန်မှာ လိုက်လံပစ်ခတ်ခဲ့တာဖြစ်ပြီးနောက် မကြာခင်မှာ သူ့ကိုင်ဆောင်တဲ့ သေနတ်နဲ့ဘဲ အဲဒီဈေးအတွင်းထိုင်ခုံတခုမှာဘဲ ပစ်ပြီးအဆုံးစီရင်သွားခဲ့တာလို့ သိရပါတယ်။


