Homeအထူးသတင်းဘန်ကောက်မြောက်ပိုင်း ကျောင်းပစ်ခတ်မှုမှာ ဆရာမတစ်ဦးနဲ့ ပစ်ခတ်သူကျောင်းသား သေဆုံး၊ ၄ ဦး ဒဏ်ရာရ

ဘန်ကောက်မြောက်ပိုင်း ကျောင်းပစ်ခတ်မှုမှာ ဆရာမတစ်ဦးနဲ့ ပစ်ခတ်သူကျောင်းသား သေဆုံး၊ ၄ ဦး ဒဏ်ရာရ

ဩဂုတ် ၇၊ ၂၀၂၆ | New Day Myanmar

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မြောက်ပိုင်း၊ နွန်ထဘူရီခရိုင်ရှိ Debsirin Nonthaburi ကျောင်းမှာ ဒီနေ့ ဩဂုတ် ၇ ရက် မနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး ဆရာမတစ်ဦးနဲ့ ပစ်ခတ်သူကျောင်းသားတို့ သေဆုံးခဲ့ကာ နောက်ထပ် ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့ကို ကိုးကားပြီး Reuters က ဖော်ပြပါတယ်။

ဖြစ်စဉ်ဟာ နွန်ထဘူရီခရိုင် Bang Kruai မြို့နယ်ရှိ Debsirin Nonthaburi School မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကျောင်းသားတစ်ဦးက ကျောင်းအတွင်း သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ပစ်ခတ်မှုကြောင့် ဆရာမတစ်ဦး သေဆုံးခဲ့ပြီး နောက်ထပ် ဆရာမတစ်ဦးနဲ့ ကျောင်းသား ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။ ပစ်ခတ်သူကျောင်းသားကလည်း နောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ နွန်ထဘူရီခရိုင်ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး Dechrapee Kongdee က ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားချိန်မှာ ကျောင်းသားတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ရဲတပ်ဖွဲ့၊ ကယ်ဆယ်ရေးနဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့တွေက ကျောင်းဝင်းအတွင်း ဝင်ရောက်ကာ အခြေအနေကို ထိန်းချုပ်ခဲ့ကြပါတယ်။

ပစ်ခတ်ရတဲ့ အကြောင်းရင်းနဲ့ သေနတ်ကို ဘယ်လိုရရှိခဲ့တယ်ဆိုတာကိုတော့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။

Debsirin Nonthaburi School မှာ ကျောင်းသား ၃,၁၀၀ ခန့်နဲ့ ဆရာ၊ ဆရာမ ၁၄၇ ဦးရှိတယ်လို့ Reuters က ဖော်ပြထားပါတယ်။

Related News

Most Read