ထိုင်းနိုင်ငံ ဘန်ဘောက်မြို့ နိမစ်မိုင်လမ်းမှာဆောက်လုပ်နေဆဲ အထပ်မြင့်တိုက်တစ်လုံးဟာ မနေ့က ဇူလိုင် ၆ ရက် ည ၈ နာရီအချိန်မှာ ပြိုကျမှုဖြစ်ပွားခဲ့ပြီးလုပ် သား ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ထိုင်းသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဆောက်လုပ်နေဆဲ တိုက်ပြိုကျမှုဖြစ်စဉ်မှာ လုပ်သား ၁၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး သေဆုံးတာ ပျောက်ဆုံးနေတာတွေ မရှိဘူးလို့ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရတဲ့သူတွေဂာ မြန်မာလုပ်သားတွေ ပါ/မပါ ထိုင်းသတင်းမှာဖော်ပြထားတာမတွေ့ရှိသလို New Day Myanmar အနေနဲ့လည်း အတည်မပြုနိုင်သေးပါဘူး။
အဲ့ဒီပြိုကျသွားတဲ့တိုက်မှာ ဆောက်လုပ်ရေးလုပ်သား ၁၀၀ ကျော် လုပ်ကိုင်နေတာဖြစ်ပြီး ၊ ဒဏ်ရာရရှိတဲ့လုပ်သား ၁၃ဦး သာရှိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီ ဒဏ်ရာရလုပ်သားတွေကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေက အနီးစပ်ဆုံးဆေးရုံတွေကို ပို့ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က ငလျင်လှုပ်ခတ်ခဲ့တဲ့ဖြစ်စဉ်မှာ ဆောက်လုပ်နေဆဲ အထပ်မြင့်တိုက်တစ်လုံးပြိုကျခဲ့တဲ့အပြီး၊ မြန်မာလုပ် သားတွေအပြင် ဆောက်လုပ်ရေးလုပ် သား ၁၀၀ ကျော်သေဆုံးခဲ့ရပြီး၊ အခုပြိုကျမှုဟာ ဒုတိယမြောက် ပြိုကျခဲ့တဲ့ ဆောက်လုပ်ဆဲအထပ်မြင့်တိုက် တစ်တိုက်လည်းဖြစ်ပါတယ်။
ဓာတ်ပုံ- The Nation Thailand


