Homeပြည်တွင်းသတင်းဘန်ကောက်မှာ ဝန်ကြီးချုပ်ဖယ်ထုန်တန် နုတ်ထွက်ရေး ဆန္ဒပြပွဲ စတင်

ဘန်ကောက်မှာ ဝန်ကြီးချုပ်ဖယ်ထုန်တန် နုတ်ထွက်ရေး ဆန္ဒပြပွဲ စတင်

၂၈ ဇွန်၊ ၂၀၂၅

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က နာမည်ကြီး Victory Monument (အနုစာဝါရီ) မှာ ဒီနေ့ဇွန်လ ၂၈ ရက် မနက် ၁၀ နာရီ ၃၀ မိနစ် အချိန်က စပြီး ဝန်ကြီးချုပ် ဖယ်ထုန်တန် နုတ်ထွက်ရေး ဆန္ဒပြပွဲ တစိတ်တပိုင်း စတင်နေပြီဖြစ်တယ်လို့ ထိုင်းသတင်းအရင်းအမြစ်တွေမှာ ဖော်ပြပါတယ်။

ဒီဆန္ဒပြပွဲကို ယခင်ဝန်ကြီးချုပ် သက်ဆင် ကို ထောက်ခံခဲ့ကြတဲ့ ရှပ်နီအဖွဲ့ တွေနဲ့ ထိုင်းအချုပ်အခြာကာကွယ်ရေး ပြည်သူ့မဟာမိတ်အဖွဲ့ (CPT) တို့မှ ဦးဆောင်ကျင်းပကြတာဖြစ်တယ်လို့ ဆိုပါတယ်။

ဆန္ဒပြခေါင်းဆောင်တွေကတော့ ရှပ်နီထောက်ခံသူ ဂျတူပွန် ပရွန်ပန်နဲ့ CPT ဦးဆောင်သူ ပီချစ် ချိုင်မွန်ကွန်တို့ ဖြစ်ကြတယ်လို့သိရပါတယ်။

ဆန္ဒပြပွဲရဲ့ ရည်ရွယ်ချက် ၃ ချက်ကတော့ ဝန်ကြီးချုပ် ဖယ်ထုန်တန် နုတ်ထွက်ရေး၊ညွှန့်ပေါင်းအစိုးရ ဖျက်သိမ်းရေး၊ ထိုင်းနိုင်ငံရဲ့အချုပ်အခြာအာဏာကို ကာကွယ်ရေးဖြစ်တယ်လို့ ဆန္ဒပြသူတွေကပြောပါတယ်။

CPT ခေါင်းဆောင် ပီချစ် ချိုင်မွန်ကွန် ကတော့ မီဒီယာနဲ့တွေ့ဆုံစဉ်မှာ”ဟွန်ဆန်နဲ့ စကားပြောသံဖိုင် ပေါက်ကြားမှုအပေါ် ဖယ်ထုန်တန်က ဝန်ကြီးချုပ်အနေနဲ့ တာဝန်ယူဖို့ လိုပါတယ်။ သူ့အသိစိတ်နဲ့ နုတ်ထွက်သင့်ပါတယ်။ မဖြစ်လာရင် ဆက်ပြီး ဖိအားပေးပါမယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒီဆန္ဒပြပွဲဲဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ ဖယ်ထုန်တန် တို့ရဲ့ ဖုန်းခေါ်ဆိုမှု ပေါက်ကြားပြီးနောက်ဖြစ်လာတာဖြစ်ပါတယ်။ အဲ့ဒီ ဖုန်းခေါ်ဆိုမှုမှာ ဖယ်ထုန်တန်က ထိုင်းစစ်တပ်ကို ဝေဖန်ထားတာဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး