Homeပြည်တွင်းသတင်းဘန်ကောက်မှာ အမျိုးသားတစ်ဦး လူတွေကို သေနက်နဲ့ပစ်ခက်

ဘန်ကောက်မှာ အမျိုးသားတစ်ဦး လူတွေကို သေနက်နဲ့ပစ်ခက်

၁၅ မေ ၊ ၂၀၂၅

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Phran Nok လမ်း၊ Soi Wat Lakhon Tham ထဲမှာ ဒီကနေ့မနက်ပိုင်းက အမျိုးသား တစ်ဦး သေနက်နဲ့အများပြည်သူတွေကိုလိုက်လံပစ်ခက်နေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြ လာမှုအရ သိရပါတယ်။

ဖြစ်စဉ်မှာ အမျိုးသား တစ်ယောက်ဟာ ဘန်ကောက်၊ Phran Nok လမ်းမှ Soi Wat Lkhon Tham ထဲမှာ လူတွေကို သေနတ်တဲ့ ပစ်နေကြောင်း ဘန်ကောက် Noi ရဲစခန်းကို အကြောင်းကြားလာမှုကြောင့် အာဏာပိုင် တွေ က အခင်းဖြစ်ရာကို အမြန်သွားရောက်ခဲ့ပြီး တရားခံဖမ်းဆီးနိုင်ဖို့ အဲဒီနေရာကို ပိတ်ဆို့ခဲ့ကြတယ်လို့ ဆိုပါတယ်။

သေနက်သမားမှာ လူတွေကို ဓါးစာခံလုပ်ထားတာကြောင့် ထိုင်း ရဲတပ်ဖွဲ့မှ သေနတ်သမားနဲ့ ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ခဲ့ပြီး ဓါးစာခံတွေကိုကယ်တင်နိုင်ခဲ့ပေမယ့် လက်ရှိအချိန်အထိ သေနက်သမားကိုဖမ်းဆီး ရမိခြင်းမရှိ သေးဘူးလို့လည်း သိရပါတယ်။

သေနက်သမားမှာ ရဲတပ်ဖွဲ့အား ပြန်လည်ပစ်ခက်မှုတွေလုပ်ဆောင်နေတာကြောင့် ထိုင်းအာဏာပိုင်တွေက အဆိုပါ ဧရိယာကို တားမြစ်ထားတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ – Khaosod

Related News

Most Read