Homeပြည်တွင်းသတင်းရန်ကုန်မြို့လယ် အမှိုက်ပုံးထဲက မွေးကင်းစကလေး ရုပ်အလောင်းတွေ့

ရန်ကုန်မြို့လယ် အမှိုက်ပုံးထဲက မွေးကင်းစကလေး ရုပ်အလောင်းတွေ့

၁ ဇူလိုင် ၂၀၂၆ | New Day Myanmar

ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ ၃၈ လမ်းနဲ့ ဗန္ဓုလလမ်းထောင့်က အမှိုက်ပုံးတစ်ခုထဲမှာ စွန့်ပစ်ထားတဲ့ မွေးကင်းစ ယောကျ်ားလေးကလေးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ပါတယ်။

ကလေးရုပ်အလောင်းကို ဇွန်လ ၃၀ ရက်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး လင်းလက်လူမှုကူညီရေးအသင်းနဲ့ ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ကလေးကို ဘယ်သူက လာရောက်စွန့်ပစ်ခဲ့တယ်ဆိုတာနဲ့ သေဆုံးရတဲ့အကြောင်းရင်းကိုတော့ မသိရသေးဘဲ သက်ဆိုင်ရာတာဝန်ရှိသူတွေက ဆက်လက်စုံစမ်းစစ်ဆေးနေပါတယ်။

ဆက်စပ် သတင်းများ

Most Read