Homeပြည်တွင်းသတင်းဘန်ကောက်တွင် မြန်မာအမျိုးသမီးတစ်ဦးအပိုင်းပိုင်းဖြတ်အသတ်ခံရပြီး ခင်ပွန်းဖြစ်သူကို ရဲတပ်ဖွဲ့ လိုက်လံရှာဖွေနေ

ဘန်ကောက်တွင် မြန်မာအမျိုးသမီးတစ်ဦးအပိုင်းပိုင်းဖြတ်အသတ်ခံရပြီး ခင်ပွန်းဖြစ်သူကို ရဲတပ်ဖွဲ့ လိုက်လံရှာဖွေနေ

၁၂ ဇွန် ၂၀၂၆ | New Day Myanmar

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ တိုက်ခန်းတစ်ခုအတွင်း မြန်မာအမျိုးသမီးတစ်ဦး အပိုင်းပိုင်းဖြတ်အသတ်ခံထားရသည်ကို တွေ့ရှိခဲ့ပြီး ခင်ပွန်းဖြစ်သူ မြန်မာနိုင်ငံသားကို အဓိကသံသယရှိသူအဖြစ် ထိုင်းရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေကြောင်း ထိုင်းမီဒီယာများက ဖော်ပြထားပါတယ်။

အခင်းဖြစ်ပွားမှုကို ဘန်ကောက်မြို့ ဒင်းဒန်း (Din Daeng) ရဲစခန်းက ဇွန်လ ၁၂ ရက်မှာ စုံစမ်းဖော်ထုတ်ခဲ့တာဖြစ်ပြီး Rajprarop Soi 1 ရှိ တိုက်ခန်းတစ်ခန်းအတွင်း သေဆုံးသူရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ကနဦးစုံစမ်းစစ်ဆေးမှုတွေအရ သေဆုံးသူဟာ Khlong Toei ဒေသရှိ စားသောက်ဆိုင်တစ်ခုမှာ စားပွဲထိုးအဖြစ် လုပ်ကိုင်နေတဲ့ အသက် ၃၄ နှစ်အရွယ် မြန်မာနိုင်ငံသူ မအေးအေးနွဲ့ ဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသူနဲ့ ရက်အတော်ကြာ အဆက်အသွယ်မရတော့တာကြောင့် ဆွေမျိုးတော်စပ်သူတစ်ဦးက ရဲစခန်းကို အကြောင်းကြားခဲ့ပြီးနောက် ရဲတပ်ဖွဲ့နဲ့ တိုက်ခန်းပိုင်ရှင်တို့ သွားရောက်စစ်ဆေးရာကနေ အမှုကို ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အဓိကသံသယရှိသူအဖြစ် သေဆုံးသူရဲ့ ခင်ပွန်းဖြစ်သူ အသက် ၃၇ နှစ်အရွယ် မြန်မာနိုင်ငံသား မောင်အောင်ပြည့်ကို သတ်မှတ်ထားပြီး ၎င်းဟာ Phetchaburi လမ်းရှိ စားသောက်ဆိုင်တစ်ခုမှာ စားဖိုမှူးအဖြစ် လုပ်ကိုင်နေသူဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

CCTV မှတ်တမ်းတွေအရ မောင်အောင်ပြည့်ဟာ အခင်းဖြစ်ပွားပြီးနောက် ခရီးဆောင်အိတ်ကြီးတစ်လုံးနဲ့ တိုက်ခန်းမှ ထွက်ခွာသွားတာကို တွေ့ရှိရပြီး လက်ရှိမှာ ထွက်ပြေးတိမ်းရှောင်နေဆဲ ဖြစ်ပါတယ်။

ထိုင်းရဲတပ်ဖွဲ့က အမှုနဲ့ဆက်စပ်တဲ့ သက်သေအထောက်အထားတွေကို ဆက်လက်စုဆောင်းနေသလို သံသယရှိသူကို အမြန်ဆုံး ဖမ်းဆီးနိုင်ဖို့ နိုင်ငံတစ်ဝန်း အကြောင်းကြားရှာဖွေမှုတွေ လုပ်ဆောင်နေပါတယ်။

အမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပေမယ့် ရဲတပ်ဖွဲ့က အိမ်ထောင်ရေးနဲ့ ပုဂ္ဂိုလ်ရေးပဋိပက္ခတွေကို စုံစမ်းစစ်ဆေးနေတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး