Homeပြည်တွင်းသတင်းမင်းအောင်လှိုင်ရဲ့ သမ္မတကျမ်းကျိန်ပွဲကို ထိုင်းက နိုင်ငံခြားရေးဝန်ကြီးဟောင်းသာ စေလွှတ်

မင်းအောင်လှိုင်ရဲ့ သမ္မတကျမ်းကျိန်ပွဲကို ထိုင်းက နိုင်ငံခြားရေးဝန်ကြီးဟောင်းသာ စေလွှတ်

၇ ဧပြီ ၂၀၂၆ | New Day Myanmar

မင်းအောင်လှိုင်ရဲ့ သမ္မတကျမ်းကျိန်ပွဲ အခမ်းအနားကို ထိုင်းနိုင်ငံဘက်က အဆင့်မြင့်ခေါင်းဆောင်မဟုတ်ဘဲ နိုင်ငံခြားရေးဝန်ကြီးဟောင်း ပန်ပရီ ဘဟီဒါနုကရာကိုသာ ကိုယ်စားလှယ်အဖြစ် စေလွှတ်သွားမယ်လို့ သတင်းရင်းမြစ်တစ်ခုအရ သိရပါတယ်။

မတ် ၁၀ ရက်နေ့မှာ ကျင်းပမယ့် အဆိုပါအခမ်းအနားမှာ ပန်ပရီဟာ ထိုင်းနိုင်ငံကိုယ်စားပြု တက်ရောက်မယ်လို့ သိရပါတယ်။ လက်ရှိမှာ သူဟာ နိုင်ငံခြားရေးမူဝါဒ အကြံပေးအဖွဲ့ကို ဦးဆောင်နေပြီး အာဆီယံနိုင်ငံတွေ၊ ဒေသတွင်း မိတ်ဖက်နိုင်ငံတွေက ကိုယ်စားလှယ်တွေနဲ့အတူ တက်ရောက်မယ်လို့ ဆိုပါတယ်။

ပန်ပရီ တက်ရောက်တာဟာ စစ်တပ်ကျောထောက်နောက်ခံပြု အုပ်ချုပ်ရေးယန္တရားနဲ့ သတိကြီးစွာထားပြီး သံတမန်ရေးအရ ဆက်ဆံနေတဲ့ အနေအထားကို ပြသတာဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖောင်းကေတုကလည်း ထိုင်းနိုင်ငံအနေနဲ့ အာဆီယံနဲ့ မြန်မာနိုင်ငံကြား တံတားတစ်ခုလို ဆောင်ရွက်ပေးချင်တယ်လို့ ပြောထားပါတယ်။

ဒီအစိုးရသစ်ကိုတော့ စစ်တပ်က တစ်ဖက်သတ်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနောက်ပိုင်း ဖွဲ့စည်းထားတာဖြစ်ပြီး စစ်တပ်လွှမ်းမိုးထားတဲ့ လွှတ်တော်က မင်းအောင်လှိုင်ကို သမ္မတအဖြစ် ရွေးချယ်ခဲ့ပြီးနောက် ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

သမ္မတရာထူးကို ရယူဖို့ မင်းအောင်လှိုင်ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးက အနားယူပြီး ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို ဗိုလ်ချုပ်ကြီး ရဲဝင်းဦးဆီ လွှဲပြောင်းပေးခဲ့ပါတယ်။

ဒီဇင်ဘာကနေ ဇန်နဝါရီအတွင်း ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာ နိုင်ငံတကာနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရပြီး ပြည်တွင်းပဋိပက္ခတွေကြောင့် မြို့နယ်လေးပုံတစ်ပုံနီးပါးမှာ မဲပေးခွင့် မရခဲ့သလို အဓိက အတိုက်အခံပါတီတွေကိုလည်း ယှဉ်ပြိုင်ခွင့် မပေးခဲ့ပါဘူး။

ပြည်တွင်းမှာ မတည်ငြိမ်မှုတွေ ဆက်လက်ရှိနေပေမယ့် နယ်စပ်လုံခြုံရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စတွေကို စီမံခန့်ခွဲနိုင်ဖို့ ဆက်လက် ဆွေးနွေးဖို့ လိုအပ်တယ်လို့ ထိုင်းဘက်က း ပြောထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး