Homeပြည်တွင်းသတင်းကျောင်းကြို/ပို့ကားနဲ့ နှင့် ဘေးတွဲဆိုင်ကယ်တိုက်မိရာက ဆိုင်ကယ်ပေါ်ပါ သက်ကြီးပိုင်းအမျိုးသမီး တဦးသေဆုံး

ကျောင်းကြို/ပို့ကားနဲ့ နှင့် ဘေးတွဲဆိုင်ကယ်တိုက်မိရာက ဆိုင်ကယ်ပေါ်ပါ သက်ကြီးပိုင်းအမျိုးသမီး တဦးသေဆုံး

၁၁ နိုဝင်ဘာ ၂၀၂၅

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ သုဝဏ္ဏမြို့ဦးစေတီအနီးမှာ မနေ့က နိုဝင်ဘာ ၁၀ ရက် ညပိုင်းက ကျောင်းကြို/ပို့ကားနဲ့ ဆိုင်ကယ် ဘေးတွဲတိုက်မိရာမှာ ဆိုင်ကယ်ပေါ်ပါ သက်ကြီးပိုင်းအမျိုးသမီးတဦး သေဆုံးကာ ၃ ဦးထိ ခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရှင်သန်ရေးကူညီမှုအသင်းကနေ သိရပါတယ်၊၊

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ဘေးတွဲမောင်းသူနဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ယောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပြီးနောက်မှာ အဲဒီအမျိုးသမီးဟာ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အနီးပတ်ဝန်းကျင်က စက်ဘီစီးလာသူတဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့သိရပြီး၊ ဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူတွေကို သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဆေးရုံကြီးကို ကူညီပို့ဆောင်ပေးခဲ့ရတယ်လို့ ရှင်သန်ရေးကူ ညီမှု အသင်းကနေ သိရပါတယ်၊၊

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး