Homeပြည်တွင်းသတင်းရန်ကုန် ထိုင်းသံရုံးမှာကျင်းပမယ့် ဆုန်ကရန်ပွဲဖျက်သိမ်းကြောင်းကြေညာ

ရန်ကုန် ထိုင်းသံရုံးမှာကျင်းပမယ့် ဆုန်ကရန်ပွဲဖျက်သိမ်းကြောင်းကြေညာ

၃၁ မတ်၊၂၀၂၅

လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ငလျင်ဘေးကြောင့် ပြည်သူတွေရဲ့ ထိခိုက်မှုအပေါ် စာနာထောက်ထားခြင်း၊ တစ်သွေးတည်းတစ်သားတည်းရှိကြောင်းပြသတဲ့အနေနဲ့ ဧပြီလ (၁) ရက်နေ့မှာ ကျင်းပဖို့ ရည်ရွယ်ထားတဲ့ သံရုံး ဆုန်ကရန်ပွဲကို ဖျက်သိမ်းလိုက်တယ်လို့ ရန်ကုန် ထိုင်းသံရုံးက ဒီကနေ့မှာ ထုတ်ပြန်အသိပေးလာပါတယ်။

လက်တလောဖြစ်ပေါ်နေတဲ့ ငလျင်ဘေးအတွက်လည်း ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဓာတ်ပုံ – Royal Thai Embassy, Yangon

Related News

Most Read