Homeပြည်တွင်းသတင်းSky Villa ကွန်ဒိုပြိုကျမှုမှာ သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင်ဒေါ်မိုးသီတာရွှေ သေဆုံးကြောင်းအတည်ပြု

Sky Villa ကွန်ဒိုပြိုကျမှုမှာ သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင်ဒေါ်မိုးသီတာရွှေ သေဆုံးကြောင်းအတည်ပြု

၃၁ မတ်၊ ၂၀၂၅

ငလျင်ကြောင့် မန္တလေး Sky Villa ကွန်ဒိုပြိုကျမှုမှာ သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင် ဒေါ်မိုးသီတာရွှေသေဆုံးပြီး Dead body ကို မတ်လ ၃၁ ရက်မှာ သင်္ဂြိုလ်မယ်လို့ မိသားစုနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

မိသားစုဝင်တွေဖြစ်တဲ့ ကိုဇော်လင်းနောင်၊ မဋင့်စန္ဒီထွန်း တို့ရဲ့ သားသမီးတွေကိုတော့ ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ သိရပါတယ်။ မတ်လ ၃၀ ရက်က မိသားစုဝင်တဦးက ကွန်ဒိုအောက်မှ အသံံံံံံံံကြားခဲ့ပြီး အဆိုပါအသံကို ပြုသူဟာ ဒေါ်မိုးသီတာရွှေရဲ့အကူဖြစ်တယ်လို့ သိရပါတယ်။

Sky Villa ကွန်ဒိုဟာ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ လမ်း ၆၀၊ ၂၂လမ်းနှင့် ၂၃ လမ်းကြားရှိ ပြီး ၁၁ ထပ်အမြင့်ရှိပါတယ်။ မတ်လ ၂၈ ရက် ငလျင်လှုပ်မှုမှာတော့ အောက်ဆုံး ၄ ထပ်က ပြိုကျခဲ့တာဖြစ်ပါတယ်။

သုခဒိုင်းမွန်းစိန်တိုက်ဟာ Sky Villa ကွန်ဒိုရဲ့ မြေညီထပ်မှာ ဆိုင်ဖွင့်ထားတာဖြစ်တယ်လို့ သိရပါတယ်။

Related News

Most Read