Homeပြည်တွင်းသတင်းSky Villa ကွန်ဒိုပြိုကျမှုမှာ သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင်နဲ့ မိသားစုတွေ သေဆုံး

Sky Villa ကွန်ဒိုပြိုကျမှုမှာ သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင်နဲ့ မိသားစုတွေ သေဆုံး

၂၉ မတ်၊ ၂၀၂၅

ငလျင်ကြောင့် မန္တလေး Sky Villa ကွန်ဒိုပြိုကျမှုမှာ သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင် ဒေါ်မိုးသီတာရွှေနှင့်မိသားစုဝင်များ သေဆုံးကြောင်း သုခဒိုင်းမွန်းစိန်တိုက်ကရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာကနေ တရားဝင်ကြေညာထားပါတယ်။

“သုခဒိုင်းမွန်းစိန်တိုက်၏ ပိုင်ရှင် သီရိသုဓမ္မသိင်္ဂီဒါ်မိုးသီတာရွှေ နှင့် သားသမီးများမြေးလေးတို့မှာ 28.3.2025 တွင် သဘာဝဘေးအန္တရာယ်ကြောင့် ကွယ်လွန်အနိစ္စရောက်သွားပါပြီရှင်” လို့ လူမှုကွန်ရက်မှာရေးသားထားပါတယ်။

Sky Villa ကွန်ဒိုဟာ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ လမ်း ၆၀၊ ၂၂လမ်းနှင့် ၂၃ လမ်းကြားရှိ ပြီး ၁၁ ထပ်အမြင့်ရှိပါတယ်။ မတ်လ ၂၈ ရက် ငလျင်လှုပ်မှုမှာတော့ အောက်ဆုံး ၄ ထပ်က ပြိုကျခဲ့တာဖြစ်ပါတယ်။

သုခဒိုင်းမွန်းစိန်တိုက်ဟာ Sky Villa ကွန်ဒိုရဲ့ မြေညီထပ်မှာ ဆိုင်ဖွင့်ထားတာဖြစ်တယ်လို့ သိရပါတယ်။

ဓါတ်ပုံ – သုခဒိုင်းမွန်း Facebook page

Related News

Most Read