Homeပြည်တွင်းသတင်းProof Of Life ကမ်ပိန်းအပေါ် ကိုထိန်လင်း ကျေးဇူးတင်စကားဆို

Proof Of Life ကမ်ပိန်းအပေါ် ကိုထိန်လင်း ကျေးဇူးတင်စကားဆို

၂၅ ဧပြီ ၂၀၂၆ | New Day Myanmar

ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း ခိုင်မာတဲ့ သက်သေပြဖို့ တောင်းဆိုနေတဲ့ “Proof Of Life” ကမ်ပိန်းမှာ ဝိုင်းဝန်းပါဝင်ပေးကြသူတွေကို သားဖြစ်သူ ထိန်လင်း (Kim Aris) က အထူးကျေးဇူးတင်ရှိကြောင်း လူမှုကွန်ရက်မှတဆင့် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“သင်တို့ရဲ့အသံတွေဟာ ကျွန်တော့်အတွက် အားနဲ့ မျှော်လင့်ချက်တွေ ပေးပါတယ်” လို့ ဆိုကာ မိခင်နဲ့အတူ ရပ်တည်ပေးသူတွေကို ဧပြီ ၂၄ ရက် ညပိုင်းမှာ ကျေးဇူးတင်စကား ပြောကြားခဲ့တာဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ဘက်က အောင်ဆန်းစုကြည် ကို ကောင်းမွန်စွာ ထားရှိထားတယ်လို့ ပြောဆိုနေသော်လည်း ကမ်ပိန်းဦးဆောင်သူတွေက “ပြောချင်ရာ ပြောပါ၊ သက်ရှိထင်ရှားရှိနေကြောင်း အရင် သက်သေပြပါ” လို့ တုံ့ပြန်တောင်းဆိုထားပါတယ်။

ဧပြီ ၂၁ ရက်နေ့က စတင်ခဲ့တဲ့ ဒီကမ်ပိန်းမှာ တော်လှန်ရေးအနုပညာရှင်တွေ၊ ဒေသခံကာကွယ်ရေးအဖွဲ့တွေ၊ ပြည်သူတွေ တခဲနက် ပါဝင်လာကြတာကို တွေ့ရပါတယ်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌဘက်ကလည်း နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေးနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ရေးကို တိုက်တွန်းထားပြီး အထူးသဖြင့် အောင်ဆန်းစုကြည် အပါအဝင် ထိန်းသိမ်းခံထားရသူတွေ အပေါ် အာရုံစိုက်လာနေပါတယ်။

လက်ရှိမှာလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးမှုအတွင်း အောင်ဆန်းစုကြည် ရဲ့ ကျန်းမာရေးအပေါ် စိုးရိမ်မှုတွေ ပြောဆိုခဲ့ပြီးနောက် နိုင်ငံတကာနဲ့ ပြည်သူလူထုအကြား “Proof Of Life” တောင်းဆိုမှုတွေ ဆက်လက် မြင့်တက်လာနေပါတယ်။

Related News

Most Read