Homeပြည်တွင်းသတင်းပငကျေးရွာမှာ သင်္ကြန်ကာလ သီချင်းဖွင့်လှစ်မှုအပေါ် ဝန်ကြီးသားနဲ့ လုံခြုံရေးအဖွဲ့ ခိုက်ရန်ဖြစ်ပွား

ပငကျေးရွာမှာ သင်္ကြန်ကာလ သီချင်းဖွင့်လှစ်မှုအပေါ် ဝန်ကြီးသားနဲ့ လုံခြုံရေးအဖွဲ့ ခိုက်ရန်ဖြစ်ပွား

၂၄ ဧပြီ ၂၀၂၆ | New Day Myanmar

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ပငကျေးရွာမှာ မြန်မာနှစ်ဆန်းတစ်ရက်နေ့က သင်္ကြန်ကာလ သီချင်းဖွင့်လှစ်မှုနဲ့ပတ်သက်ပြီး ပြည်နယ်စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး နိုင်လယီတမရဲ့သားဖြစ်သူနဲ့ ကျေးရွာလုံခြုံရေးအဖွဲ့ဝင်တွေကြား ခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒေသခံတွေ အဆိုအရ သင်္ကြန်ကာလအတွင်း ညနေ ၆ နာရီနောက်ပိုင်း ဖျော်ဖြေရေးဆောင်းဘောက်တွေ မဖွင့်ရန် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က အမိန့်ထုတ်ပြန်ထားခဲ့ပေမယ့် ဝန်ကြီးသားဖြစ်သူနဲ့ သူ့နီးစပ်သူတွေက အမိန့်ကို မလိုက်နာဘဲ ဆက်လက်ဖွင့်လှစ်ခဲ့ရာကနေ အခြေအတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် လုံခြုံရေးအဖွဲ့ဝင် ၈ ဦးခန့်က သွားရောက်တားမြစ်ရာမှာ ဝန်ကြီးသားဘက်မှ “လုံခြုံရေးအဖွဲ့ကို မကြောက်ဘူး၊ ဆက်ဖွင့်မယ်” လို့ ပြန်လည်တုံ့ပြန်ခဲ့ပြီး နှစ်ဖက်ကြား ထွေးရိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်အတွင်း ဝန်ကြီးသားဖြစ်သူဟာ မျက်နှာပိုင်းမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ဝန်ကြီးဘက်က သားဖြစ်သူကို ထိုးနှက်ခဲ့တဲ့ လုံခြုံရေးအဖွဲ့ဝင်တွေကို အမှုဖွင့်ဖို့ စီစဉ်နေသလို ကျေးရွာလုံခြုံရေးအဖွဲ့ဘက်ကလည်း ထုတ်ပြန်ထားတဲ့ အမိန့်ကို မလိုက်နာခြင်းနှင့် တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကို ခုခံနှောင့်ယှက်မှုတို့နဲ့ အရေးယူပေးရန် တင်ပြထားတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး