Homeပြည်တွင်းသတင်းကိုရင်ငယ်ကို ရိုက်နှက်ခဲ့တဲ့ ဆရာတော်ကို သာသနာညှိုးနွမ်းစေမှုနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်

ကိုရင်ငယ်ကို ရိုက်နှက်ခဲ့တဲ့ ဆရာတော်ကို သာသနာညှိုးနွမ်းစေမှုနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်

၂၄ ဧပြီ ၂၀၂၆ | New Day Myanmar

မြိတ်မြို့ ပဋိပတ္တိတောရကျောင်းမှာ ကိုရင်ငယ်တစ်ပါးကို ရိုက်နှက်နှိပ်စက်ခဲ့တဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာပြီးနောက် အဲဒီဖြစ်စဉ်နဲ့ပတ်သက်တဲ့ ဆရာတော် ဦးတေဇကို ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တယ်လို့ New Day Myanmarက စုံစမ်းသိရပါတယ်။

ဆရာတော် ဦးတေဇ (ခေါ်) ဦးထွန်းလှိုင်ကို မြိတ်မြို့နယ်တရားရုံးက ဧပြီ ၂၃ ရက်မှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၉၅-က (ဘာသာသာသနာကို ညှိုးနွမ်းစေမှု)နဲ့ ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

အစောပိုင်းမှာ ခံဝန်နဲ့ ပြန်လွှတ်ပေးလိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် တရားရုံးကတော့ အမြင့်ဆုံးပြစ်ဒဏ်ကို ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့နှစ် ဝါတွင်းကာလမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဧပြီ ၂၁ ရက်မှာ လူမှုကွန်ရက်ပေါ်ကို ရုပ်သံဖိုင် ပျံ့နှံ့လာခဲ့တာကြောင့် ပြည်သူအာရုံစိုက်မှု မြင့်တက်လာခဲ့ပါတယ်။

အဲဒီနောက် ဧပြီ ၂၂ ရက်မှာ သက်ဆိုင်ရာအာဏာပိုင်တွေက ဆရာတော်ကို လူဝတ်လဲစေပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး