Homeပြည်တွင်းသတင်းအာဇာနည်နေ့အတွက် ရန်ကုန်မှာ စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထား

အာဇာနည်နေ့အတွက် ရန်ကုန်မှာ စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထား

၁၈ ဇူလိုင် ၂၀၂၅

ရန်ကုန်မြို့မှာ ကျင်းပမယ့် အာဇာနည်နေ့အခမ်းအနား နီးလာပြီဖြစ်တဲ့အတွက် စစ်ကောင်စီဟာ ရန်ကုန်မြို့တွင်းမှာလုံခြုံရေးတင်းတင်းကြပ်ကြပ်ချထားတာကို တွေ့ရပါတယ်။

ရန်ကုန်မြို့ အာဇာနည်ဗိမာန်နဲ့ ပတ်ဝန်း ကျင်မှာ အနည်းဆုံး ရဲနဲ့ စစ်ကောင်စီတပ် ဖွဲ့ဟာ ရာဂဏန်းနီးပါးအထိလုံခြုံရေး တိုးမြှင့်ချထားသလို ဝန်ကြီးများရုံးအတွင်း အပြင်နဲ့ ပတ်ဝန်းကျင်တွေမှာ ယူနီဖောင်းဝတ်အပြင် အရပ်ဝတ်တွေနဲ့ပါ လုံခြုံရေးချထားတာကို တွေ့ရပါတယ်။

ဝန်ကြီးများရုံးဝန်းကျင်မှာရှိတဲ့ လမ်းစုံထောင့်တွေမှာ ဘန်ကာတွေဆောက်ထားပြီး နေ့/ညမပြတ်လုံခြုံရေးချထားတာကိုတွေ့မြင်ရပါတယ်။

“ကျွန်တော်မြင်သလောက်တော့ ဖော့ဗူးတွေနဲ့ လုံခြုံရေးတွေကို ထမင်းဗူးတွေလာပို့တာတွေ့တယ်။ အခုနှစ်က အာဇာ နည်ကုန်းကိုလည်း ပြည်သူတွေပေးဝင်မယ်ကြားတယ်။ လုံခြုံရေးက တပ်ရော ရဲရော မနှစ်ကထက်တောင်များမယ်။ အာဇာနည်ကုန်းဆို စစ်ကားမျိုးစုံနဲ့ကို ပတ်လည်မှာနေရာချထားတာ ။ကိုယ်မမြင်နိုင် လုံခြုံရေးလုပ်ထားတာလည်း ရှိမှာပေါ့”ဟု ရန်ကုန်မြို့တွင်း တက္ကစီယာဥ်မောင်းတစ်ဦးကပြောသည်။

အခုလ ဇူလိုင် ၁၉ ရက်မှာ ကျရောက်မယ့် အာဇာနည်နေ့အခမ်းအနားကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုယ်တိုင်တက်ရောက်မယ်လို့ သတင်းထွက်ပေါ်နေတဲ့အတွက် ရန်ကုန်မြို့တွင်းသာမက မြို့အဝင်အထွက် လုံခြုံရေးကိုလည်း တင်းကြပ်ထားတယ်လို့ သိရပါတယ်။

အာဇာနည်နေ့မှာ ဝမ်းနည်းခြင်းအထိမ်း အမှတ်အနေနဲ့ နိုင်ငံတော်အလံကို နိုင်ငံတစ်ဝန်းလုံး တိုင်ဝက်လွှင့်ထူရေး၊ အာဇာဘနည်ခေါင်းဆောင်ကြီးများ ကျဆုံးတဲ့ နံနက် ၁၀ နာရီ ၃၇ မိနစ်မှာ ဥဩဆွဲအချက်ပေးဖို့ အစိုးရရုံးဌာနအဖွဲ့အစည်းအားလုံးကို ညွှန်ကြားထားတယ်လို့သိရပါတယ်။

ဒါ့အပြင် သွားလာနေတဲ့ မော်တော်ယာဉ်တွေက ခေတ္တရပ်ပြီး ဟွန်းတီးဖို့ကိုလည်း စစ်ကောင်စီကတိုက်တွန်းထားပါတယ်။

ပုံစာ – ရန်ကုန်မြို့ လှည်းတန်းကုန်းကျော်တံတားနံရံတွင် ၂၀၂၂ ဇူလိုင် ၁၉ ရက်က တွေ့ရသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတစ်ခု။ ဓာတ်ပုံ – Bama Youth Network

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး