Homeပြည်တွင်းသတင်းဘန်ကောက်က လမ်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မြေပြိုမှုကြောင့် မြန်မာအလုပ်သမား တဦး သေဆုံး

ဘန်ကောက်က လမ်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မြေပြိုမှုကြောင့် မြန်မာအလုပ်သမား တဦး သေဆုံး

ဇွန်၊ ၂၀၂၅

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က Rama II (ရာမ ၂) လမ်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဒီနေ့ ဇွန် ၈ ရက် မနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး၊ အသက် ၃၉ နှစ်အရွယ် မြန်မာအလုပ်သမားတဦး ကွန်ကရစ်အချပ်လွှာ ပိမိမှုကြောင့် သေဆုံးခဲ့တယ်လို့ ထိုင်းသတင်းမီဒီယာတွေက ဖော်ပြပါတယ်။

သေဆုံးသူဟာ အမြန်လမ်းအောက်က ရေနုတ်မြောင်းအတွင်း ဝင်ရောက်ပြီး လုပ်ငန်းဆောင်ရွက်နေစဉ် မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး ကွန်ကရစ်ပြားအချပ်က ပိကျလာသောကြောင့် သူအပေါ်ပို ပိမိခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက် ကယ်ဆယ်ရေး လုပ်တွေ ဆောင်ရွက်ရာမှာ ကယ်တင်နိုင်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာတွေနဲ့ ဘန်ကောက်မြို့က အမှတ် ၉ ဆေးရုံကို ပို့ဆောင်စဉ်မှာ ပဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ထိုင်းအာဏာပိုင်တွေက မတော်တဆမှု ဖြစ်ပွားတဲ့ အကြောင်းအရာကို စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read