Homeပြည်တွင်းသတင်းငလျင်က ကမ္ဘာကြီးကို ကွဲအက်စေပေမယ့် တရုတ်-မြန်မာ ပေါက်ဖော်ချစ်ကြည်ရေးကို ဖြတ်တောက်လို့ မရဘူး လို့ မြန်မာနိုင်ဆိုင်ရာ တရုတ်သံအမတ်ပြော

ငလျင်က ကမ္ဘာကြီးကို ကွဲအက်စေပေမယ့် တရုတ်-မြန်မာ ပေါက်ဖော်ချစ်ကြည်ရေးကို ဖြတ်တောက်လို့ မရဘူး လို့ မြန်မာနိုင်ဆိုင်ရာ တရုတ်သံအမတ်ပြော

မေ ၊ ၂၀၂၅

ငလျင်က ကမ္ဘာမြေကြီးကို ကွဲအက်စေခဲ့ပေမယ့် တရုတ်-မြန်မာ ပေါက်ဖော်ချစ်ကြည်ရေးကို ဖြတ်တောက်လို့ မရဘူးလို့ မြန်မာနိုင်ဆိုင်ရာ တရုတ်သံအမတ် မစ္စ မာကျားကပြောဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးကိုလေးစားပြီး မြန်မာနိုင်ငံရဲ့ ကိုယ်ပိုင်အခြေအနေနဲ့ ကိုက်ညီတဲ့ ဖွံ့ဖြိုးရေးလမ်းကြောင်းကို ထောက်ခံအားပေးခဲ့သလို မြန်မာနိုင်ငံ မြောက်ပိုင်း က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ့မင့်တင့်ရာမှာလည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာ့ငလျင်ဘေးတွင်းလည်း တရုတ်နိုင်ငံကသာ ပထမဆုံးကူညီကယ်ဆယ်ရေးလု ပ်ငန်းဆွေဆောင်ရွက် ပေးခဲ့တဲ့နိုင်ငံဖြစ်ကြောင်းနဲ့ အရေးပေါ်ကယ်ဆယ်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်း များဆောင်ရွက်နိုင် ရန်အတွက် ယွမ် ၁.၁ ဘီလီယံ ထောက်ပန့်ပေးသွားမယ်လို့လည်း သူကပြောဆိုထားပါတယ်။

မြန်မာဘာသာစကားမှာ သွေးချင်းညီအစ်ကိုလို့ အဓိပ္ပာယ်ရတဲ့ “ပေါက်ဖော်” ဆိုတဲ့စကားနဲ့ တရုတ်ပြည်သူ တွေကို ရည်ညွန်းခေါ်ဆိုခဲ့ပြီး လက်ရှိကာလမှာလည်း နှစ်နိုင်ငံအနေနဲ့ ကိုလိုနီစနစ် (Colonialism)နဲ့ နယ်ချဲ့ဝါဒ (Imperialism) ကိုတောလှန်ဖို့လက်တွဲခဲ့ကြပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။

တရုတ် -မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅) နှစ်ပြည့်အထိမ်းအမှတ်ကို .ခုနှစ်တွင် မြန်မာနိုင်ငံနဲ့ အတူတကွကျင်းပသွားဖို့ရှိကြောင်းနဲ့ ခေတ်သစ် တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းတည် ဆောက်ဖို့တွန်းအားပေးသွားမှာဖြစ်တယ်လို့လည်း မစ္စ မာကျားက ပြောဆိုထားပါတယ်။

ဓာတ်ပုံ – chinese Embassy

ဆက်စပ် သတင်းများ

Most read