Homeပြည်တွင်းသတင်း၂၀၂၇ ခုနှစ်မှာ KNDO ဌာနချုပ်ကို နေရာဟောင်းဖြစ်တဲ့ အင်းစိန်မှာ ပြန်တည်ဆောက်မယ်လို့ KNDO ဗိုလ်ချုပ် စောရှီးလေက ညွှန်ကြား

၂၀၂၇ ခုနှစ်မှာ KNDO ဌာနချုပ်ကို နေရာဟောင်းဖြစ်တဲ့ အင်းစိန်မှာ ပြန်တည်ဆောက်မယ်လို့ KNDO ဗိုလ်ချုပ် စောရှီးလေက ညွှန်ကြား

မေ ၊ ၂၀၂၅

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) အနေနဲ့ လာမည့် ၂၀၂၇ ခုနှစ်မှာ KNDO ဌာနချုပ်ကို တည် နေရာဟောင်းဖြစ်တဲ့ ရန်ကုန်၊ အင်းစိန်မြို့နယ်မှာ ပြန်လည် တည်ဆောက်မယ်လို့ KNDO စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောရှီးလေက ညွှန်ကြားလိုက်တယ်လို့ သိရပါတယ်။

ကရင့်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) အနေနဲ့ ကရင့်အမျိုးသားအစည်းအရုံး(KNU)ရဲ့ လက်နက်ကိုင် တပ်ဖွဲ့ နှစ်ခုအနက်မှ တစ်ခုဖြစ်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) မပေါ်ပေါက်မီ ကတည်းက တည်ရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

KNDO အနေနဲ့ KNU ရဲ့ လက်နက်ကိုင်အဖွဲ့အဖြစ် ၁၉၄၇ နှစ်မှ ၁၉၄၉ ခုနှစ်အထိ ဂျပန်အစိုးရ နဲ့ လွတ်လပ်ရေးခေတ်ဦး မြန်မာအစိုးရတို့ကို ဆန့်ကျင်တိုက်ခိုက်ခဲ့ကြောင်း၊ KNDO ရဲ့ ဌာနချုပ် ဟောင်းမှာ ရန်ကုန်တိုင်း၊ အင်းစိန်မှာ အခြေဆိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ KNDO စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောရှီးလေက လာမည့် ၂၀၂၇ ခုနှစ်မှာ ကရင့်အမျိုးသားကာကွယ် ရေးတပ်ဖွဲ့-KNDO ရဲ့ ဌာနချုပ်မှာ တစ်ချိန် တည်နေရာဟောင်းဖြစ်ခဲ့တဲ့ အင်းစိန်မှာ အသစ်တဖန်ပြန်လည် တည်ဆောက်မယ်လို့ KNDO တပ်မှူးတွေကို ညွှန်ကြားချက်ပေးထားတယ်လို့ သိရပါတယ်။

Related News

Most Read