Homeပြည်တွင်းသတင်းမြန်မာရေတပ်က ဖမ်းဆီးထားတဲ့ ငါးဖမ်းစက်လှေက ထိုင်းနိုင်ငံသား ၄ ဦးကို ထိုင်းဘက် လွှဲပြောင်း

မြန်မာရေတပ်က ဖမ်းဆီးထားတဲ့ ငါးဖမ်းစက်လှေက ထိုင်းနိုင်ငံသား ၄ ဦးကို ထိုင်းဘက် လွှဲပြောင်း

၆ ဒီဇင်ဘာ၊ ၂၀၂၄

မြန်မာ့ရေပိုင်နက်ထဲ ဝင်ရောက်လာတဲ့အတွက် မြန်မာ့ရေတပ်က သတိမပေးဘဲ ပစ်ခတ်ဖမ်းဆီးခဲ့တဲ့ ထိုင်းနိုင်ငံသား ၄ ယောက်ကို ကော့သောင်း-ရနောင်းနယ်စပ်ကနေ ထိုင်းဘက်ကို လွှဲပြောင်းပေးအပ်လိုက်ပြီလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုပါတယ်။

နိုဝင်ဘာ ၃၀ရက်က မြန်မာ့ရေပိုင်နက်ထဲ ထိုင်းငါးဖမ်းစက်လှေ ၁၅ စီးလောက် ရောက်ရှိလာတာပြီး မြန်မာစစ်ကောင်စီ ရေတပ်က ပစ်ခတ်ဖမ်းဆီးတာကြောင့် ထိုင်းငါးဖမ်းစက်လှေ ၂စီးနဲ့အတူ မြန်မာ ၂၇ ဦး၊ ထိုင်း ၄ ဦးကို ရေတပ်က ဖမ်းဆီးရမိပြီးထိုင်းနိုင်ငံသားတစ်ဦး ရေထဲခုန်ချရာက သေဆုံးခဲ့ရပါတယ်။

ဖမ်းမိတဲ့ ထိုင်းနိုင်ငံသားတွေအမြန်ဆုံးပြန်လွှတ်ပေးဖို့ ထိုင်းဝန်ကြီးချုပ်၊ ထိုင်းကာကွယ်ရေးဝန်ကြီး၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့က ပြောဆိုခဲ့ပြီး ဒီဇင်ဘာလ ၅ ရက်မှာ မြန်မာနိုင်ငံဘက်က ကော့သောင်း-ရနောင်းနယ်စပ်ကနေ ပြန်ပြီး လွှဲပေးထားတယ်လို့ ဆိုပါတယ်။

ထိုင်း ငါးဖမ်းသမား ၄ ဦးဟာ မနေ့ညနေပိုင်းက ကော့သောင်း – ရနောင်း နယ်စပ် လူဝင်မှုကြီးကြပ်ရေး စစ်ဆေးရေးဂိတ်ကို ရောက်နေပြီလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူကလည်း သတင်းဌာနတွေကို အတည်ပြုပါတယ်။ ငါးဖမ်းသမား ၄ ဦး ကို ရနောင်းဘက်ခြမ်းကို ပြန်ခေါ် ဖို့ ထိုင်းနဲ့မြန်မာကြားဖွဲ့စည်းထားတဲ့ မြို့နယ်အဆင့် နယ်စပ်ရေးရာကော်မတီက ညှိနှိုင်းဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးထားတဲ့ ထိုင်းနိုင်ငံသားတွေ လွတ်မြောက်သွားပေမယ့် အတူဖမ်းဆီးရမိတဲ့ မြန်မာတွေသတင်းကိုတော့ ထိုင်းဘက်ကရော မြန်မာဘက်ကပါ သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ဒါ့အပြင် စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက ဖမ်းဆီးရမိတဲ့ရေလုပ်သားတွေဟာ အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်စပ်ပတ်သတ်နေတယ်လို့ အစောပိုင်းက ထုတ်ပြန်ကြေညာထားပါတယ်။

မြန်မာစစ်ကောင်စီဟာ အရင်ထဲက ထိုင်းဘက်က ကော့သောင်း-ရနောင်းကတဆင့် ပြန်ပြီးပို့ပေးတဲ့ တရားမဝင်ခိုးဝင်သူတွေနဲ့ သက်တမ်းကျော်နေထိုင်သူတွေကို စစ်မှုထမ်းဖို အတင်းအဓမ္မခေါ်ဆောင်ခဲ့တဲ့ လုပ်ရိုးလုပ်စဉ်တွေ ရှိပါတယ်။

Photo -Bangkok Post, Khaosod

ဆက်စပ် သတင်းများ

Most read