Homeပြည်တွင်းသတင်းအမေရိကန်မှာ Green Card လျှောက်ထားမယ့် ယာယီဗီဇာကိုင်ဆောင်သူတွေ မိခင်နိုင်ငံပြန်ပြီး သံရုံးမှတစ်ဆင့် လျှောက်ထားရမည့် မူဝါဒသစ်ကြောင့် မြန်မာတွေကြား စိုးရိမ်မှုမြင့်တက်

အမေရိကန်မှာ Green Card လျှောက်ထားမယ့် ယာယီဗီဇာကိုင်ဆောင်သူတွေ မိခင်နိုင်ငံပြန်ပြီး သံရုံးမှတစ်ဆင့် လျှောက်ထားရမည့် မူဝါဒသစ်ကြောင့် မြန်မာတွေကြား စိုးရိမ်မှုမြင့်တက်

၂၄ မေ ၂၀၂၆ | New Day Myanmar

အမေရိကန်နိုင်ငံအတွင်း ယာယီဗီဇာနဲ့ နေထိုင်နေပြီး အမြဲတမ်းနေထိုင်ခွင့် (Green Card) လျှောက်ထားရန် စီစဉ်နေတဲ့ နိုင်ငံခြားသားတွေအနေနဲ့ မိခင်နိုင်ငံကို ပြန်လည်ထွက်ခွာကာ အမေရိကန်သံရုံးတွေမှတစ်ဆင့် လျှောက်ထားရမယ်ဆိုတဲ့ မူဝါဒအသစ်ကြောင့် အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေကြား စိုးရိမ်မှုတွေ မြင့်တက်နေကြောင်း သိရပါတယ်။

အမေရိကန် နိုင်ငံသားနဲ့ လူဝင်မှုကြီးကြပ်ရေးဌာန (USCIS) က မေ ၂၂ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ လမ်းညွှန်ချက်အသစ်အရ ကျောင်းသားဗီဇာ (F-1)၊ အလုပ်ဗီဇာ (H-1B) အပါအဝင် ယာယီဗီဇာအမျိုးမျိုးနဲ့ အမေရိကန်ကို ဝင်ရောက်လာသူတွေဟာ အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားလိုပါက မိခင်နိုင်ငံကို ပြန်သွားပြီး သက်ဆိုင်ရာ အမေရိကန်သံရုံးတွေမှတစ်ဆင့် လုပ်ငန်းစဉ်ဆောင်ရွက်ရမယ်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ယခု ပြောင်းလဲမှုဟာ နှစ်ပေါင်း ၆၀ ကျော်အတွင်း လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေမှာ အကြီးမားဆုံး အပြောင်းအလဲတစ်ရပ်ဖြစ်ကြောင်း သိရပြီး၊ အမေရိကန်ပြည်တွင်းမှာ ဗီဇာအဆင့်အတန်းပြောင်းလဲပြီး Green Card ရယူနိုင်တဲ့ “Adjustment of Status” လုပ်ထုံးလုပ်နည်းကို ကန့်သတ်ရန် ရည်ရွယ်ထားပါတယ်လို့ တာဝန်ရှိသူတွေက ဆိုထားပါတယ်။

လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ရှေ့နေတွေကတော့ မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးနဲ့ လုံခြုံရေးအခြေအနေတွေကို အခြေခံပြီး “Extraordinary Circumstances” (ထူးခြားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေ) အဖြစ် တင်ပြကာ အမေရိကန်ပြည်တွင်းမှာ ဆက်လက်စောင့်ဆိုင်းခွင့်ရရန် တရားဝင် လျှောက်ထားသင့်ကြောင်း အကြံပြုထားပါတယ်။

USCIS ရဲ့ လမ်းညွှန်ချက်အသစ်အရ “ထူးခြားသော အခြေအနေများ” မဟုတ်ပါက အမေရိကန်ပြည်တွင်းမှာ Adjustment of Status လျှောက်ထားခွင့် မပြုတော့ကြောင်း သိရပါတယ်။

ယင်းမူဝါဒကြောင့် လက်ရှိ အမေရိကန်အတွင်း Green Card စောင့်ဆိုင်းနေသူ တစ်သန်းကျော်အနက် အများစုမှာ ဗီဇာစိစစ်နေစဉ်အတွင်း အမေရိကန်မှ ထွက်ခွာရမယ့် အခြေအနေနဲ့ ရင်ဆိုင်ရနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

အမေရိကန်ရောက် မြန်မာအချို့ကတော့ ယခုမူဝါဒဟာ မြန်မာနိုင်ငံလို နိုင်ငံရေးမတည်ငြိမ်သေးတဲ့ နိုင်ငံတွေက လူတွေအတွက် အန္တရာယ်ပိုများစေနိုင်တယ်လို့ စိုးရိမ်နေကြပါတယ်။ မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်ရပါက လုံခြုံရေး၊ နိုင်ငံရေးနဲ့ စစ်မှုထမ်းဆိုင်ရာ အန္တရာယ်တွေ ရှိနေနိုင်တယ်လို့လည်း သုံးသပ်နေကြပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး